Saturday, November 1, 2008

နားထောင်ခတစ်ခုတည်းအတွက်သာပေးရတော့မည်

မြန်မာ့ဆက်သွယ်ရေးမှာ ချ ပေးထားသော GSM တယ်လီဖုန်း များတွင် အသုံးပြုနိုင်သည့် voice mail စနစ်ဝန်ဆောင်ခကို ယခုနှစ် အောက်တိုဘာလမှစ၍ voice mail နားထောင်ခတစ်ခုတည်းအ တွက်သာပေးရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ““အရင်က voice mail အသုံး ပြုသူတွေဟာ voice mail ၀င်ရင် charges တစ်ခါပေးရပြီး အဲဒီဝင် တဲ့ voice mail ကိုဖွင့်ပြီးနားထောင် ရင် charges တစ်ခါထပ်ပေးရတယ်။ အခု ဒီနှစ်အောက်တိုဘာလကစ ပြီး voice mail အသုံးပြုသူတွေ အနေနဲ့ voice mail ၀င်တဲ့ charges ပေးစရာမလိုဘဲ ပြန်ဖွင့်နားထောင် ခတစ်ခုတည်းကိုပဲ charges အ ဖြစ်ပေးဆောင်ရတော့မှာပါ”” ဟု voice mail ၀န်ဆောင်မှုကို မြန် မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းလုပ် ကိုင်နေသော ITCS မှ Marketing Executive မမြတ်ကြေးမွန်မှ ပြောသည်။ အဆိုပါ voice mail ၀န်ဆောင် မှုစနစ်သည် မိမိဖုန်းပိတ် ထားသည့်အခါတွင်ဖြစ်စေ၊ ဆက် သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိ သည့်အခါတွင်ဖြစ်စေ ခေါ်ဆိုသူ ဘက်မှ voice message ချိန်ထား ခဲ့နိုင်သည့်စနစ်ဖြစ်သည်။ လက်ရှိ တွင် GSM ဖုန်းများတွင်သာ အသုံးပြုနိုင်ပြီး သိပ်မကြာခင် အချိန်တွင် CDMA တယ်လီဖုန်း များတွင်ပါ ၀န်ဆောင်မှုပေးတော့ မည်ဟု စုံစမ်းသိရှိရသည်။

Read More...

ပြည်သူများစားသုံးလျက်ရှိသော နို့မှုန့်တချို့တွင်......


ပြည်သူများစားသုံးလျက်ရှိသော နို့မှုန့်တချို့တွင် ကျန်းမာ ရေးကို ဆိုးဝါးစွာထိခိုက်စေပြီး၊ ကလေးငယ်များ၏ ကျောက်ကပ်ကိုပျက်စီးစေသော မယ်လမင်းပါဝင်သော ကြောင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်)မှ အောက်တိုဘာလ ၅ ရက်မှ ယခု ၁၆ ရက်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော နို့မှုန့်အမျိုးအစား ၆၂မျိုးကို စမ်းသပ်စစ်ဆေးပြီးသည့်အနက် မယ်လမင်းမပါ ၀င်သည့် နို့မှုန့်အမျိုးအစား ၃၅မျိုးကို စမ်းသပ်တွေ့ရှိထား ကြောင်း အဆိုပါဌာနရှိ ဆေးဘက်ညွှန်ကြားရေးဌာနမှ လက်ထောက်စက်ရုံမှူး ဒေါက်တာအောင်ဇော်က ပြော ကြားသည်။

စစ်ဆေးပြီး မယ်လမင်းမပါ ၀င်သည့် နို့မှုန့်များမှာ

(1) PEP Milk Powder

(2) Golden Lotus Flower

(3) Quanzhitian-naifen (EGm;eD) (4) SHILIN (Whole fat Sweet Milk Powder)

(5) GYI GYI (Full Cream Milk Powder) China

(6) Two Cows Instant whole Sweet Milk Powder

(7) MEIJI Milk Powder (Japan)

(8) Mikko Mate (Non-Dairy Creamer) 4g

(9) Milk Tablet (China)

(10) jrbk&ifcsufEkdYqD

(11) Cowhead (900g) New Zealand

(12) Dupro (Dumex Step 2) 800g New Zealand

(13) Gluco Lin (Glukosa) Made in Malaysia

(14) Cow Bell (Sweetened Beverage Creamer)

(15) Cow Bell (Evaporated Creamer)

(16) Super Cow (100% Pure milk) 830 ml

(17) New Similac (MumTM) 700g

(18) Mamex Gold (Rumu-san Bayi) 400g

(19)EkdYrIefY (ausmufqnfacsmu vuf puf½Hk)

(20) Fantasy Milk Chocolate (21) EGm;EkdY(aiGpifykvJ)

(22) Similac Stage 2 (900g) Follow on formula For babies above 6 months

(23) Gain IQ (900g) Growing up milk For children one year on wards

(24) Mikko 3 in 1 (20g) Instant Coffeemix

(25) Promil (Langkah Step 2) 900g

(26) Promil (Langkah Step1) S-26 (Rumusan bayi)

(27) Oldenburger Full Cream Milk Powder Instant 900g

(28) Nestle (Lactogen 2) 900g

(29) Dumex (dumilk) Full Cream Milk Powder 650g

(30) Dumax (dugro 3 plus) Ezy (Digest 650g)

(31) Nestle (Advance 1 Plus) Bear Brand 700g

(32)NEWGROW SCHOOL Growing-up Milk For 6 Years onward 1kg

(33) Similac infant formula for babies 0-6 Months (Stage 1) 400g

(34) Isomil 1 advance 400g milk free lactose, free soy Infant formula for babies 0-6 Months

(35) Happy Cow (Sweetened Condensed Filled Milk)

တို့ဖြစ်သည်။

စစ်ဆေးရာတွင် Agra Quant R Melamine Test kit ဖြင့် ပထမ အဆင့်အရောင်ကိုနှိုင်းယှဉ်၍ မယ် လမင်းပါဝင်မှု ရှိ၊မရှိ စစ်ဆေးပြီး၊ ဒုတိယအဆင့်အဖြစ် မယ်လမင်းပါ ၀င်မှုပမာဏ အတိအကျ သိရှိရန် Microwell Reader အသုံးပြုကာ တွက်ချက်ရကြောင်း သိရသည်။

““အခုစစ်ဆေးပြီးတဲ့ မယ်လ မင်းမပါဝင်တဲ့ နို့မှုန့်တွေဆိုပြီးတော့ လည်း အမြဲစိတ်ချရပြီလို့မပြောနိုင် ပါဘူး။ အသုံးပြုတဲ့ကုန်ကြမ်းပေါ် မူတည်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါ တယ်။ ဘာကြောင့်လည်းဆိုရင် နိုင်ငံခြားက သွင်းလာတဲ့နို့မှုန့်ကုန် ကြမ်းတွေကလည်း တစ်ကြိမ်သွင်း တာနဲ့ နောက်တစ်ကြိမ်သွင်းတာ မတူနိုင်ဘူး။ တချို့နို့မှုန့်တွေဆို လည်း အထုပ်အတိုင်းကို ထုတ်ပိုး မှုပုံစံ(တံဆိပ်)ကိုပြောင်းထုတ်ထား တာမျိုးရှိတော့ အမြဲစိတ်ချလို့တော့ မရပါဘူး””ဟု ဒေါက်တာအောင် ဇော်ကပြောသည်။

ထို့ကြောင့် ပြည်ပမှတင်သွင်း လာသော နို့မှုန့်ကုန်ကြမ်းများနှင့် အသင့်ထုတ်ပြီးနို့မှုန့်များကို အနည်း ဆုံးတစ်လလျှင် တစ်ကြိမ်ခန့်စောင့် ကြည့်စစ်ဆေးရန် လိုအပ်ကြောင်း နှင့်ပြည်တွင်းမှ နို့မှုန့်နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ မှာလည်း ပိုင်ရှင်တစ်ဦးတည်းမှ တံဆိပ်အမျိုးမျိုးဖြင့် ပုံစံပြောင်းလဲ ထုတ်နေသည်များရှိနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း၊ မိခင် များကလည်း မိမိ၏ရင်သွေးငယ် များကို အတတ်နိုင်ဆုံး မိခင်နို့ တိုက်ကျွေးခြင်းသည်သာ အကောင်း ဆုံးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ် ကဆက်လက်ပြောကြားသည်။

မယ်လမင်းဓာတ်မှာ လူကြီး တစ်ဦးအတွက် (2.5mg/kg) နှင့် ကလေးတစ်ဦးလျှင် (1mg/kg) သာခံနိုင်ရည်ရှိကြောင်း WHO က စံနှုန်းသတ်မှတ်ထားသည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၏ စစ်ဆေးတွေ့ရှိချက်အရ မယ် လမင်းပါဝင်သည့် နို့မှုန့်များနှင့် ပတ်သက်၍ အောက်တိုဘာ ၁၀ ရက်အစိုးရသတင်းစာများတွင် စားသုံးရန်မသင့်သောနို့မှုန့် ၉ မျိုး ကို စတင်ဖော်ပြခဲ့ပြီး၊ အောက်တို ဘာ ၁၄ ရက်တွင် ကျန်းမာရေးဝန် ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က နောက်ထပ်နို့မှုန့် ၇ မျိုးကို ထပ် မံကြေညာခဲ့ရာ ၎င်းင်းနို့မှုန့်များအား ပြည်ပမှတင်သွင်း ဖြန့်ဖြူးရောင်းချ ခြင်းနှင့် ပြည်တွင်းတွင် ပြန်လည် ထုပ်ပိုးရောင်းချခြင်း၊ စားသောက် ကုန်များအဖြစ် ထုတ်လုပ်ရောင်းချ ခြင်းမပြုလုပ်ရန် အစိုးရက နိုင်ငံ ပိုင်သတင်းစာများတွင် တရားဝင် ကြေညာခဲ့သည်။

Read More...

မိန်းမအကြောင်း စာစီကုံးပါ။

နိဒါန်း
..........

ယောက်ျားတစ်ယောက်အား မိန်မတစ်ယောက်က မွေးဖွားခဲ့သဖြင့် ကမ္ဘာပေါ်ရှိယောက်ျား တိုင်း အမေဟူသော

ဣတ္ထိယမိန်းမသားမှလွဲ၍ ကျန်..မိန်းမ များအား လှို့ဝှက်စွာ ကြည့်လို့မရ။မိန်းမသည် အရက်နှင့် တူသည်။

အရက်တစ်ခွက်ကို သောက်ရင်မူးမယ် မှန်းသိလို မိန်းမတစ်ယောက်ကို ချစ်မိရင်လည်း ရူးရမယ်မှန်းသိနေလျက်နှင့်

ပုရိသယောက်ျားတိုင်း ခေတ်အဆက်ဆက် ဆက်တိုက်၊ ဆက်တိုက် သောက်သုံးရင်း ဣတ္ထိယ တို့၏

ကျေးကျွန်များ ဖြစ်ခဲ့ကြသည်။


စာကိုယ်
..............

သိဒ္ဓတ္ထ မင်းသားသည် ယသောဓရာ ကိုစွန့်ပစ်နိုင်ခဲ့ ၍ သစ္စာလေးပါး တရားသိမြင်ခဲ့ သော ဘုရားရှင် ဖြစ်ခဲ့သည်။

ထို့ကြောင့် လူသားထု ကြီးအတွက် အကျိုးအမြတ် က ကမ္ဘာမှာ ကိုးကွယ်စရာ ဘာသာတရား

တစ်ခုပေါ်ထွက်ခဲ့လေသည်။အာဒံသည် ဧ၀၏ နားပူးနားဆာ ဒဏ်ကို မခံနိုင်ခဲ့သောကြောင့် လူသားတိုင်း မှာ ကမ္ဘာ

ဦးမှစလို့ ယနေ့တိုင် အပြစ်တော်များကို ခံစားနေရသည်။

၁၉ ရာစု ပုံပြင်သစ်အရဆိုလျင် အက်ဒွက် ဘုရင် (ဝေလမင်းသား)ပင်လျင် မုဆိုးမတစ်ဦး

ကြောင့် နေမ၀င်ဗြိတိသျှ အင်ပါယာ ၏ ဘုရင့် ထီးနန်းကိုစွန့်ခဲ့ရသည်အထိပင် ဖြစ်ခဲ့ရသည်။

နှောင်းဒဏ္ဏာရီသမိုင်းများတွင်လည်း မိန်းမကြောင့် ပျက်စီးကျသော တိုင်းပြည်များ မှာ များပြား

ခဲ့သည်ကိုတွေရသည်။ ဥပမာ အားဖြင့် အီဂျစ်ပြည်က ကယ်လီယိုပန်ထရာ ဘုရင်မကြောင့်

ပျက်ခဲ့ရသည် နပိုလီယံ မင်းမြတ်။ ဆင်ဖြူမရှင်ကြောင့် ပျက်စီးခဲ့ရသည့် ကုန်းဘောင် မင်းဆက် ။ မိန်းမကြောင့်

ပျက်စီးခဲ့ရသော TROY မြို့။ စသည့် မကုန်မခန်းနိုင်သော ဣတ္ထိယ အပေါင်း ၏ ဇာတ်ကြောင်းများ က တိုင်းပြည်

အသီးသီး ၊ နိုင်ငံအသွယ်သွယ်ရှိ ပါးစပ်ရာဇာဝင်၊ သမိုင်းအထောက်အထားနှင့် ပုံပြင်အသီးသီးတို့

ဖြင့်ပြည်နှက်လို့နေသည်ကိုတွေ့ရှိနေရဆဲဖြစ်သည်။

သို့သော် ကမ္ဘာပေါ်ရှိ ပုရိသ အပေါင်း လူမိုက်သောင်းတို့ကဖြင့် ဣတ္ထိယ ဟုသော

ပင်လယ်ပြင်၌ ပျော်မွေ့စွာလက်ပစ်ကူးလျက် ယနေ့တိုင် ရေနစ်နေကြဆဲဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မိန်းမ မယူခဲ့ဘူးသည့် လယ်တီဆရာတော် ဘုရားကြီးကပင်

“မိန်မဟူသည် မရှိမကောင်း ရှိမကောင်း ”ဟု မိန့်မူဘူးခဲ့သည်။ သို့သော် ပုရိသအပေါင်းက

ဖြင့် ဆရာတော်ကြီးမိန့်မူခဲ့တော်မူသော် မရှိမကောင်း နှင့် ရှိမကောင်း နှစ်မျိုးထဲမှ ရှိမကောင်း

ဆိုသည့် စကားအားမေ့လျော့ကာ မရှိမကောင်းဆို သော စကားကိုလက်ဝယ်ပြုလျက် မိမိတို့

အတွက် ဆိုးကျိုးဖန်တီးပေစွမ်းမည့် ဣတ္ထိယ မိန်းမသားအပေါင်းတို့အား မှီဝဲရင်း နောင်တ

များစွာလက်ဝယ်ပိုက်၍ သေဆုံးကုန်ကြလေ၏။ အချို့သော သူများဆိုလျင် နောင်တရရန်ပင်

အချိန်မရလိုက်ကြပေ ။

ထိုသူများမှာ ဥပမာ အားဖြင့်


မြန်မာနိုင်ငံတွင်မူ မင်းနန္ဒာ


သိုးဆောင်းပြည်တွင်မူ ရိုမီယို


တရုတ်ပြည်တွင်မူ လျံစမ်းပေါ် စသဖြင့် အတိုင်းအတိုင်းအပြည်ပြည်ရှိ ပုရိသယောက်ျား အချစ်


သူရဲကောင်းအဖို့က မိန်းမအတွက် နောင်တပင်မရလိုက်ပဲ သေဆုံးခဲ့၏ ။


နိဂုံး

.......

ထို့ကြောင့်မိန်းမဟူသည်ကို( ယခုမိန်းမများအကြောင်းစာစီကုံးနေသူ ပင်လျင် ၎င်း၏ နှလုံးသားအား မိန်းမ ဟူသော ဆူးများအား တစ်ချောင်းပြီး တစ်ချောင်း ထိုးသွင်းခံရင်း

နှလုံးသား ဆူးနှစ်ဒဏ်ရာ ဗလပွရရှိလျက်) ငယ်စဉ်က ရေးထားသော ကဗျာတစ်ပုဒ်နှင့်

နိဂုံးချူပ်လိုက်ပါသည်။


မိန်းမ

........

ယောက်ျားက… နွား

မိန်းမက…… ကြိမ်တံ

ချစ်ခြင်း တစ်စုံက နာဖားကြိုးထိုးဖို့ပြင်တဲ့အခါ

လှည်းကျိုး ထမ်းဖို့ ယောက်ျားက အသင့်ပဲ။



မှတ်ချက်( နှလုံးသားမှာ စူးနှစ်ဝင်နေသော နောက်ဆုံးဆူးတစ်ချောင်းကို ဆွဲထုတ်ပြီး

နှောင်း လူ ပုရိသ တို့အတွက် ဣတ္ထိယ မိန်းမသားများ၏ အမုန်းများကိုခံယူကာ ယခု

စာအားရေးခဲ့ခြင်းဖြစ်သည်။ဆင်ခြင်ကြကုန်လော့…။)
(အငွေ့)

Read More...

အလွမ်း နံပါတ် ၃

အလွမ်း နံပါတ် ၃ (rainmaker)
~~~~~~~~~~

ကောင်ကင်အောက်မှာ ထားခဲ့ကြတဲ့သစ္စာ
ကြယ်တွေလို ကြွေကျသွားလား

လေပြည်နဲ တူတဲ့ မိန်းကလေးရေ
နင် အဝေးကို လွင့်လို့မရအောင်
ငါ့ရင်ထဲမှာ သိမ်းထုတ်ထားလိုက်ချင်ပေမယ့်...
ငါတို့ သစ္စာဟာ ....
ကမ်းခြေမှာ ရေးထားတဲ့ စကားတွေလား
လှိုင်းအတွေ့မှာ မသိသလိုဖြစ်သွားကြတယ်

ငါ့ရင်မှာ ရေးထားတဲ့ အဆိပ်သင့်အလွမ်းများ
ဘယ်အရာတွေက ဒီဒဏ်ရာတွေကို
ကု....စား....ပေး....နိုင်....မှာ.....လဲ....

~~~~~~~~~~~~~

ဝင်္ကဘာကြားထဲက ရုန်းထွက်တော့
နှင်းဆီတွေ ခင်းထားတဲ့လမ်းရောက်တယ်

နှင်းဆီ ရနံ့မှာမူးနေလို့
ကျွန်တော့် ခြေမှာ ဆူးတွေ ဆူးနေမှန်း
သူမသိခဲ့ဘူး...

နှင်းဆီတွေ ကျွန်တော် သွေးနဲ့
ပိုရဲလို့နေပါစေ...

ကျွန်တော်ထမ်းပိုးထားတဲ့ ကောင်မလေး ရနံ့တွေနဲ့
အိပ်ပျော်လို့နေပါစေ....

~~~~~~~~~~~~~~
နိုင်ခြေနည်းလွန်းတဲ့ ကစားဝိုင်းထဲ
ကံကြမ္မာနဲ့ ဖက်ပြိုက်ခဲ့တယ်

မျှတတယ် မမျှတဘူးဆိုတာ
ကျွန်တော့်မှာ ငြင်းခွင့်မရှိခဲ့ဘူး
ဘ၀နှစ်ခုနဲ့ လောင်းကြေးထပ်မိတဲ့နောက်..

ကံကြမ္မာက ခြောက်(၆)ပြလို့
Lucky 7 ရရင် ကျွန်တော်နိုင်မယ်ဆိုတဲ့ပွဲမှာ
အံစာ ဟာတစ်လုံးတည်းရယ်.....

Read More...

အချစ်ဟူသည်...

အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..

Read More...

Pepsi is now being pirated!


Men at work - washing the bottles



Men at work washing the bottles Fully



Boys placing the bottles in the tray



Boy filling the PEPSI Soooooo... cold



Boy filling the PEPSI & checking for the air bubbles



Boy filling the Gas in the bottles



Boy searching for the right caps


Great man at capping the bottel





Quality checking and Success******



Be Aware!..even pepsi is now being pirated! !!!!!

Read More...