ဗုဒ္ဓရှင်တော်မြတ် အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲ အရှေ့တောင်အာရှ/ အာဆီယံ နိုင်ငံများတွင် မြန်မာ့ ပန်းချီလောက ထွန်းပေါက် နေသည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု . . .
မြန်မာ ပန်းချီဆရာများက မကြာခဏ ဆိုသလို ယင်းနိုင်ငံများတွင် သာမက ဥရောပနှင့် အနောက် နိုင်ငံများအထိ ဖြန့်ကျက်၍ ပန်းချီပြပွဲများ ခင်းကျင်း ပြသနေသည်ကို တွေ့ရှိရသည်။ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့များ ဘာသာရေးနှင့် တိုင်းရင်းသား အစုံ၏ ဓလေ့စရိုက်များ၊ လူမူဝန်းကျင်များနှင့် သဘာဝ အလှများကို လှလှပပ ဖော်ကျူး ဆေးသားခြယ်ကြသည်။ အစပထမတွင် ပြသသည့် မြန်မာ ပန်းချီဆရာများ၏ ပန်းချီပြပွဲများ အနေဖြင့် စင်းလုံးချော မအောင်မြင် ခဲ့ကြသော်လည်း ယခု တဖြည်းဖြည်းနှင့် အောင်မြင်ခဲ့သော ပန်းချီပြပွဲများ၏ သတင်းများကို ကြားနေရသည်။ ယခုလည်း မြန်မာ ပန်းချီ'ဆရာဒီပ'က သူ၏ Shining Buddha ကို ပထမဆုံး အကြိမ် တစ်ကိုယ်တော် ပြပွဲအဖြစ် စင်ကာပူ နိုင်ငံရှိ The Arts House, Gallery,( 1 Old Parliament Lane,) ၌ ၂၃-၁ဝ-၂ဝဝ၈ မှ ၃ဝ-၁ဝ-၂ဝဝ၈ ထိ ပြသခဲ့ကြောင်း သိရှိရသည်။
ယင်းပန်းချီပြပွဲနှင့် ပတ်သက်၍ ပန်းချီကား များထဲမှ မြစိမ်းရောင် အမည်ရှိ ပန်းချီကားကို Asian Arts News u www. artyartgallery.com မှ တစ်ဆင့် ရွေးချယ်ကာ စက်တင်ဘာ၊ အောက်တိုဘာ လထုတ်တွင် ဆောင်းပါးဖြင့် အထူးတလည် ဖော်ပြခဲ့ကြောင်း ကိုလည်း သိရှိခဲ့ရသည်။ ယင်းပန်းချီကားကို ပွဲမစမီ ရောင်းချ ခဲ့ရကြောင်းကိုလည်း သိရှိရသည်။ စင်ကာပူ နိုင်ငံသားများမှ ပန်းချီကားများ ထပ်မံ ဝယ်ယူ ခဲ့ကြောင်းကိုလည်း သိရှိရသည်။ ပြပွဲတွင် ပြသသည့် ပန်းချီ အတွင်းဘောင်များကို ပန်းချီဆရာ ဒီပမှ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည်ဟု သိရသည်။ ယင်းပြပွဲ ဖွင့်ပွဲကို စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဖွင့်လှစ်ပေးခဲ့ပြီး၊ အခြားနိုင်ငံစုံမှ သံအမတ်ကြီးများ၊ ဧည့်သည်တော်များ တက်ရောက်၍ အထူး စိတ်ဝင်စားစွာ ကြည့်ရှု အားပေး ခဲ့ကြသည်။
ပန်းချီ ဒီပက ပန်းချီကား စုစုပေါင်း ၂၆ ကားတိတိ ပြသခဲ့သည်ဟု သိရှိရသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ခုနှစ်ကား ရောင်းချခဲ့ရကြောင်း သိရှိရသည်။ ပန်းချီ ဒီပသည် တစ်ချိန်က ရုပ်ရှင်ကားကြီးများ ရိုက်ကူးခဲ့သည့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်ပြီး CREATIVE DESIGNER Co.,Ltd နှင့် မြန်မာနိုင်ငံရှိ ACD Art Gallery ကို ထူထောင်ထားသူ ဖြစ်သည်။ သမီးဖြစ်သူ မေသန္တာဦးကလည်း စင်ကာပူနိုင်ငံရှိ ARTY ART GALLERY ကို ဖခင်ဖြစ်သူ ပန်းချီဒီပနှင့် အတူ ထူထောင်ထားကြောင်း သိရှိရသည်။ ပန်းချီ ဆရာဒီပ၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည် (KWK)ကလည်း ပန်းချီကားများ ရေးဆွဲလျက် ရှိပြီး မကြာခဏ ဆိုသလို ပြည်တွင်းနှင့် ပြည်ပများတွင်ပါ ပန်းချီပြပွဲများကို ပါဝင် ပြသလျက် ရှိကြောင်း ပန်းချီဒီပ မိသားစု၏ အနုပညာ လမ်းကြောင်းများကို သတင်း ရရှိခဲ့သည်။ ပန်းချီမြတ်အောင်
Thursday, November 27, 2008
ဟာသအတိုအစလေးတွေ
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"
+ + + + +
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။
+ + + + +
* သေနည်းကောင်း*
ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"
+ + + + +
မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
+ + + + +
မင်္ဂလာဆောင်တခု၌ဖြစ်သည်
မိန်းမဘက်မှပါသောကလေးများသည်အဖွ
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆို
+ + + + +
အဖေ့အပေါ် မူတည်တယ်
" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "
+ + + + +
*မဖြစ်ဘူး*
" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"
+ + + + +
*ရွေးချယ်မှု*
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
+ + + + +
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ)
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရြ
ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......
Wednesday, November 19, 2008
၇ ရက်သားသားသ္မီးများအတွက်
တနင်္ဂနွေ
အောင်မြင်နေသူများ အပင်ထိပ်ရောက်နေသည့်အလား အမြင့်ဆုံးဖြစ်နေနိုင်သလို
မအောင်မြင်သူများကလည်း အဝီစိအထိဆင်းသွားနိုင်သော လဖြစ်သဖြင့်
စီးပွားရေးလုပ်ငန်းသစ် စလိုသူများ အထူးသတိထားသင့်သည့်လ ဖြစ်သည်။
တနင်္ဂနွေနံ အလုပ်ဖြစ်သည့် "ဦးရှင်ကြီး" တင်ခြင်းသည် ဝါထွက်ကာလ
ဖြစ်သည့်အားလျော်စွာ အကျိုးပေးလတ္တံ။ ပညာရေးအနေဖြင့်
ကိုယ်တိုင်ကြိုးစားခြင်းထက် ကြိုးစားထားသူထံမှ ကူးယူခြင်း၊
မေးခွန်းဝယ်ခြင်းများက ပိုအကျိုးရှိနိုင်သည်။ အချစ်ရေးတွင်
ဆန့်ကျင်ဘက်လိင်ထက် လိင်တူများက သင့်ကို သဘောကျနေတတ်သဖြင့် သတိပြုပါ။
မြေအောက်အိမ်သာသွားခြင်း၊ ဓါတ်လှေခါး တစ်ယောက်တည်းစီးခြင်းများ ရှောင်ပါ။
ကံပွင့်စေမည့် ယတြာမှာ ဥတစ်လုံး (ကြက်၊ဘဲ၊ငုံး) ကို ခေါင်းပေါ်အသာရွက်၍
အုန်းပင်အောက်တွင် ခြေတပေါင်ကျိုးရပ်ရင်း "ဥ တစ်လုံးတည်းရှိသူရယ်ပါ" ဟု
ဖြတ်သွားဖြတ်လာများကို ၁၅ မိနစ်ခန့် နှုတ်ဆက်ပါ။
တနင်္လာ
မကောင်းသတင်းနှင့် သတင်းဆိုးများ စုံတွဲ၍ ကြားရတတ်သည်။ လစာနည်းသော်လည်း
အထက်လူကြီး မကောင်းသည့် ကုမ္ပဏီများတွင် အလုပ်ရတတ်သည်။
ကိုယ်ပိုင်အလုပ်အနေဖြင့် ချဲထိုးခြင်း၊ ဂျင်ကစားခြင်း၊ ကဒ်စွဲခြင်း
စသည့်နေ့တူနံတူများ အားကောင်းနေသည်။ နာမည်မကြီးသေးသူများ နာမည်ကြီးလိုပါက
ခပ်ကြီးကြီးပြင်ရေးနိုင်သည်။ တနင်္လာသားများအတွက် ပညာရေးအထူးအားကောင်းသော
အောက်တိုဘာလဖြစ်သဖြင့် စာပေလေ့လာခြင်း၊ ကျက်မှတ်ခြင်း၊ တွက်ချက်ခြင်းများ
လုံးဝမလုပ်ဘဲ စာမေးပွဲသာသွားဖြေပါလေ။ အောင်ကိုအောင်ရမည်။
မအောင်လျှင်ကျလတ္တံ့။ နှလုံးသားလှသူများ ရုပ်ဆိုးစိတ်ပုပ်သူများနှင့်
အတွဲအဘက်ဖြစ်အံ့။ နှလုံးသားမလှသူများ ကံတူအကျိုးပေးနှင့် အကြောင်းပါအံ့။
ကောင်းသထက်ကောင်းလာစေမည့် ယတြာမှာ - ကြောင်ချီး (လတ်လတ်ဆတ်ဆတ်)ကို
ကြွပ်ကြွပ်အိတ်တွင်ထည့်၍ အိမ်သို့အလည်လာသူတိုင်းကို "ယနေ့ကြွလာ မိတ်သဟာ
ချမ်းသာကိုယ်စိတ် မြဲပါစေ" ဟု ရေရွတ်ပြီး လက်ဆောင်အဖြစ်ပေးပါ။
အင်္ဂါ
စိတ်ရောကိုယ်ပါ ဖလမ်းဖလမ်းထအောင် လန်းဆန်းဖျတ်လတ်နေတတ်သည်။
ရပ်ဝေးရပ်နီးမှ ဆွေမျိုးများတက်လာပြီး တဝတပြဲ စားသောက်သွားသဖြင့်
သင်ကိုယ်တိုင်မှာ ဘုန်ကြီးကျောင်း၊ စတုဒီသာ စသည်တို့နှင့် ရင်းနှီးလတ္တံ့။
လူအနေဖြင့် ကျန်းမာသော်လည်း မိမိစီးသွားသောကား ဂက်စ်အိုးပေါက်ခြင်း၊
မသမာသူ လူတစု ဗုံးခွဲမည့်အနားတွင် ရှူရှူးထိုင်ပေါက်မိခြင်း
စသည့်ကုသိုလ်ကံများကို ထင်ထင်ရှားရှားတွေ့နေရသည်။ ပညာရေးအားနည်းသဖြင့်
စာကျက်ခြင်း၊ စာမေးပွဲဖြေခြင်း၊ သင်တန်းတက်ခြင်းများ လုံးဝမလုပ်ဘဲ
အလေလိုက်နေပါ။ အိမ်ထောင်ရေးတွင် ၂ ဖက်ယောက္ခမများ
ဝင်ရောက်စွက်ဖက်တတ်သဖြင့် ရိုက်နှက်ဆုံးမထားပါ။ ယတြာချေလိုပါက အင်္ဂါနေ့
မွန်းတည့် ၁၂ နာရီတိတိတွင် စိန်ပန်းပင်အောက်သွား၍
(ပါးစပ်နှင့်အပြည့်ရှိသော) စကျင်ကျောက်ခဲတစ်လုံးကို
စိစိညက်ညက်ကြေအောင်ဝါးရင်း စိပ်ပုတီးစိပ်ပါ။
ဗုဒ္ဓဟူး
စိတ်ကူးစိတ်သန်းကောင်းလေးများ ရှိနေတတ်သည်။ အသက်ငယ်ရွယ်သူများက
ကြီးပေါကြီးဟု သဘောထားကာ ဆရာတင်ခြင်း ခံရတတ်သည်။ ယောက်ျားလေးများ
ခန္ဓာကိုယ်ရှိ ဗုဒ္ဓဟူးနံ အင်္ဂါအစိတ်အပိုင်းများ အားနည်းတတ်သည် (ဥပမာ လက်)။
ရုပ်ရှင်ရုံထဲတွင် ရဲဖမ်းခံရခြင်း၊ ရပ်ကွက်လူကြီးသမီးကို
ရစ်သီရစ်သီလုပ်မိခြင်းတို့ကဲ့သိ
များဖြစ်နေတတ်သည်။ ပညာရေးသမားများ လာဒ်ပေးခြင်းသာ အောင်မြင်ရာ၏ ဟု
နှလုံးသွင်းထားပါက ပိုသင့်တော်မည်။ အချစ်ရေးတွင် လက်နှေးခြင်း၊
လက်တုန်ခြင်း၊ လက်ကြောသေခြင်း၊ လေဖြတ်ခြင်းများခံစားရနိုင်သြ
သတိပြုပါ။ (ဖူးစာဆိုတာ ဦးရာလူလို့မှတ်ပါလေ) ဗုဒ္ဓဟူးသားများအတွက်
ယတြာအနေဖြင့် ရဲစခန်းတစ်ခုသို့သွားကာ ရမန်ကြီးဖြင့် အချုပ်ခံရစေရန်အတွက်
"ရက်စက်မှုတွေကို ရပ်တန်းကရပ်ပါ" ဟု ရေငတ်လာသည်အထိ အော်ပါ။ အချုပ်ခံရလျှင်
အဆိုးများပျောက်ပြီး အညံ့များသာကျန်သည်ဟု မှတ်ပါ။
ကြာသပတေး
ဝါကျွတ်ကာလဖြစ်သည့် အားလျော်စွာ ဖယောင်းတိုင်မီးဖြင့် နေရအံ့။
မိစ္ဆာအယူရှိသူတို့ကြောင့် ဘုန်းတော်ကြီးများပင် ဘုရားတက်ရ ခက်နိုင်သည်။
စီးပွားရေးအနေဖြင့် ပူဖောင်းရောင်းခြင်း၊ ဘုရားတွင် ဖိနပ်စောင့်ခြင်း၊
ဖားရိုက်ခြင်းစသည့် နံတူအလုပ်များ ဖြစ်ထွန်းလတ္တံ့။ ပညာရေးတွင် "ဖွတ်ကျား"
ဟုအမည်တွင်လောက်အောင် ထူးချွန်ကိန်းမြင်သဖြင့် အတန်းပိုင်ဆရာကို
ပုဝါ၊ပါတိတ်၊ပိုက်ဆံတို့ဖြင့် ကန်တော့ထားပါမှ အောင်ရုံလောက်ရှိမည်။
(အမျိုးသ္မိးများ အထူးသတိထားရမည်က) သင့်အတွက် အချစ်သစ်ဖြစ်သော်လည်း
သူ့အတွက် အချစ်ဟောင်းဖြစ်နေမည့် ဖူးစာဖက်များရကြလတ္တံ့။ ဥပမာအားဖြင့်
သင့်အချစ်ဦးသည် မုဆိုးဖိုကြီး၊ လက်ရှိမယားငယ် ၂ ယောက်ရှိပြီးသူ
စသည့်ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်နေတတ်သည်။ သို့သော် စိတ်မပူနှင့်။
သင့်ကိုလည်း ရေရှည်ပေါင်းမည်မဟုတ်ချေ။ ယတြာကောင်းကောင်းလိုချင်သူများ
အနေဖြင့် ပန်ကာ ၂ လုံးကို ချိုင်းကြားညှပ်ပြီး အထပ်မြင့်မြင့် (အနဲဆုံး
၁၀ထပ်ရှိ) ပြတင်းပေါက်တစ်ခုမှ "လေယာဉ်ပျံလာပြီ" ဟုအော်ရင်း ၃
ကြိမ်ခုန်ချပါ။
သောကြာ
နိုဝင်ဘာလတွင် ကံအကောင်းဆုံး မွေးနေ့ရှင်များဖြစ်သည်။ အလှူအိမ်မှ ကျန်သော
စားကောင်းသောက်ဖွယ်များ၊ လျော့ဈေးဖြင့်ရောင်းသော နေလောင်ထားသည့်
အဝတ်အစားများရတတ်သည်။ ကံကိုယုံ၍တော့ ချီးပုံ မနင်းမိရန်လိုသည်။ သောင်း၊
သိန်း၊ သန်း စသည့် ပိုက်ဆံနာမည်ပါသူများ သူများတွင်မရှိသည့်
ရောဂါဆန်းများရတတ်သည်။ သို့သော် ခဏသာ ခံစားရမည်ဖြစ်သဖြင့်
စိတ်ပူရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း သေမည်ဖြစ်၏။
အိမ်ထောင်ပြုလိုသူများ သူများကလေးကို ကိုယ့်ကလေးအဖြစ်
နာမည်တပ်ခံရတတ်သဖြင့် အသေအချာ စိစစ်ရန်လိုသည်။ ယတြာမှာ ၇ ရက်ဆက်တိုက်
ဒူးရင်းသီးကြီးကြီးတစ်လုံးကို ခေါင်းအုံးအိပ်ရင်း "ဒုက္ခတွေကနေ ဝေးပါစေ"
ဟု ဆန္ဒပြုပါ။
စနေ
မကောင်းသော အကြံအစည်များ အကောင်အထည်ပေါ်ပြီး အကြံကောင်းများ
ပျက်စီးကိန်းရှိသည်။ တောင်စဉ်ရေမရ စကားများကြောင့်
တက်တက်ပြောင်ကိန်းလည်းရှိသည်။ ထင်ရှား ကျော်ကြားသူဖြစ်ချင်သဖြင့်
ကြိုးစားရင်း ထက်ထက်မိုးဦး ထမိန်လျှော်ရကိန်းမျိုးလည်းရှိ
အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးနေပါ။ ကျန်းမာရေးတွင် ကျော်မကောင်း၊
ကြားမကောင်းဖြစ်တတ်သည်။ ပညာရေးတွင်
ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖွယ်ရိ
ဖယောင်းတိုင်ထွန်းခြင်း၊ ချွန်သောခဲတံ၊ ဘောပင်များဖြင့်
စာရေးခြင်းကိုရှောင်ပါ။ အချစ်ရေးတွင် ထိပ်ထိပ်ပြာပြာဖြစ်လောက်အောင်
တွဲချင်သူများပေါမည်။ ထိုသူများအား အတွင်းခံဘောင်းဘီ
ကြပ်ကြပ်မ၀တ်ထားခိုင်းပါလေနှင့်
ဒိန်ချဉ်သည်တစ်ယောက်ကို ဒစ္စကိုခေါ်သွားပြီး
ဓါတ်ပြားဟောင်းကြီးသီချင်းဖြင့် Dance ပါ။
Monday, November 17, 2008
ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်
မိဿအချစ်ဒဿန (ARIES March 21 - April 19)
မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလာ
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
ပြိဿအချစ်ဒဿန (TAURUS April 20 - May 20)

ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူ
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကော
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိ
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
မေထုန် အချစ်ဒဿန (GEMINI May 21 - June 20)
မေထုန်ရာသီဖွားတို့၏နှလုံးသားချ
ါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိ
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်
ကရကဋ် အချစ်ဒဿန (CANCER June 21 - July 22)

ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူး
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြား
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီး
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်း
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
သိဟ်အချစ်ဒဿန (LEO July 23 - August 22)
သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထာ
း။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှ
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရား
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။
ကန် အချစ်ဒဿန (VIRGO 24 to September 23)
ကန်ရာသီဖွားများ
သည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာ
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။
လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။
တူရာသီ အချစ်ဒဿန (LIBRA 24 to October 23)
တူရာသီဖွားမျာ
းသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟုကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖြားမ်
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုးပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှုအပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊
ဗြိစ္ဆာအချစ်ဒဿန (SCORPIO October 24 to November 22)
ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်
ရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူ
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှ
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသာ
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်ေ
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။
ဓနု အချစ်ဒဿန (SAGITTARIUS November 23to December 21)
ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သ
တ်မှတ်ထားကြသည်။မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာ
မကာရ အချစ်ဒဿန (CAPRICORN December 22 to January 20)

မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီး
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရတတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိ
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကိ
မိမိတွင်လိုအပ်နေသောအရာများနှင်
ကုမ်အချစ်ဒဿန (AQUARIUS January 21 to February 19)
ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သ
ွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းမျာြးေ
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့ေ
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသော
မိန်အချစ်ဒဿန(PISCES February 20 to March 20)
မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလ
ဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှ
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်
အခုဟာက အချစ်ဒဿနတွေပါ ။ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက တင်ပေးလိုက်ပါတယ် ။ ဒါရိုက်တာကို က၁ပတ်ကြာတယ်။ မအားတာနဲ့၊ပျင်းတာနဲ့ပေါ့။
Friday, November 14, 2008
Zoo beefs up safety steps
THE Singapore Zoo has stepped up patrols around animal enclosures and will take extra security measures after a cleaner was killed by two white tigers on Thursday afternoon.
It will be installing warning activation buttons for public to push in an emergency, and asking its zookeepers and staff to report erratic and abnormal behaviour in animals, as well as staff and visitors.
These extra measures were taken a day after a Malaysian contract worker was mauled to death by the big cats after he jumped into the tiger enclosure, watched by a horrified crowd.
The Singapore Zoo, which is investigating the incident, said it is committed to ensuring the safety and well being of all visitors, employees and the animals.
The 32-year-old cleaner from Sarawak, Mr Nordin Montong, had behaved erratically shortly before the tiger attack and was seen shouting and flinging items about. He later vaulted a low wall and landed in a moat in the enclosure, four metres below.
Carrying a yellow pail and a broom, he then crossed the 1.75m-deep moat, walked up a rocky ledge near where three white tigers were and began provoking them by swinging the broom.
One of the tigers then swiped at Mr Nordin, to the horror of the gawking, petrified crowd at the enclosure. Some had thought it was part of the zoo show, until the huge cats started sinking their teeth into the back of the cleaner's neck and tossing him around repeatedly like a ragdoll.
They mauled him with their huge paws for a good two minutes, as the crowd screamed with fright.
Blood could be seen oozing from Mr Nordin's back. The cleaner struggled and thrashed his legs about and became still about five minutes later.
More than a dozen zoo keepers who came to Mr Nordin's rescue and managed to distract the big cats and shoo them back into their den, were given two-hour counselling by a psychiatrist later on Thursday to help them overcome the trauma.
The three white tigers also appeared to be "stressed out" by the incident, said M Biswajit Guha, assistant director of the Zoo on Friday.
"Their ears are perked up and their breathing is quicker than normal," he told The Straits Times.
'We are trying to keep their routine as normal as possible to help settle them.'
The tigers are being kept inside their den, behind the enclosure and away from the curious onlookers hoping to take a look at the scene of Thursday's fatal attack. The tiger are likely to be let into the enclosure on Monday.
Zoo officials said the tigers have never had human contact, at least since they have been in Singapore. They are fed raw meat every day.
As a precautionary measu
re, the zoo has temporarily closed the White Tiger exhibit.
Meanwhile, the contractor who employed the cleaner said on Friday it will pay for the cleaner's embalming and transportation to send his body back to his hometown in Kuching.
Undertaker Roland Tay who is handling the body, told The Straits Times he would donate the payment from the contractor to Mr Nordin's family. He said the body would be flown to Sarawak on Saturday afternoon.
Zookeepers interviewed by The Straits Times on Friday said Mr Nordin looked troubled on Thursday morning and was not his "normal friendly" self.
Mr Hamzah Isa, 24, a keeper who has worked in the Mandai zoo for nearly three years, said he was shocked when he heard about the tiger attack.
But he said he did not notice any change in the victim's behaviour when he reported for work on Thursday morning.
'He is a quiet man who kept mostly to himself,' he said.
A fellow cleaner, Mr Clement Ijau, 27, also from Sarawak, who lives in the same workers' quarters as Mr Nordin in Serangoon, said he looked upset early on Thursday and ignored the other workers in the quarters. He said Mr Nordin, said to be unmarried, had spoken about missing his parents back home.
Saturday, November 8, 2008
Books Corner

ဆန်းလွင်၊ ရှင်အာဒိစ္စရံသီ ဥတ္တရိမနုဿဓမ္မပြဿနာ နန်းဒေဝီစာပေမှ ထုတ် ဝေခြင်းဖြစ်သည်။ စာရေးသူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို (၁၉၃၈-၂ဝဝ၂) ဟုဖော်ပြထားသည်။ စာရေးသူသည် အသက်(၅၈)နှစ်အရွယ်တွင်ဘဝနတ် ထံပျံလွန်တော်မူသည်ဟု ဖော်ပြထားသည်။ ဥတ္တရိ မနုဿဓမ္မဆိုသည်မှာ လူအများ စိတ် ဝင်စားစရာ၊ မကြားဖူးသေးတဲ့ ...
တရားတစ်ခုဖြစ်ကြောင်း၊ အမျိုးမျိုးသော ရဟန်းသံဃာများကို အကဲဖြတ်နိုင်သည့် တရားစံနှုန်းတစ်ခု ဖြစ်ကြောင်း မဂ်ဖိုလ်အကြောင်း ပြောကောင်းမပြောကောင်း၊ သိပ္ပံခေတ်နှင့် ခေတ်အမြင်၊ စတုတ္ထပါရာ ဇိက သိက္ခာပုဒ်စသည်ဖြင့် စာရေးသူ၏ ထူးခြားသည့် ဓမ္မဝိဒယစာတမ်းဟုဆိုထားသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆၃၇ဝ ၉ဝ၇။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ဗုဒ္ဓနှင့်ဗုဒ္ဓဂုဏ်ရည်
ဓမ္မပိယဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်။ အလှူအားလုံးတွင် ဓမ္မအလှူ၊ ပညာ အလှူသည် အမြတ်ဆုံးဖြစ်သည်ဟုဆိုထားသည်။ ဗုဒ္ဓါနုဿတိ ဘာဝနာပွားများသူသည် ရာဂဒေါသ မောဟတို့၏ အပ္ပနာဈာန်သို့ မရောက်ခဲ့သော် ဥပစာရဈာန်သို့ရောက်၏။ ဘုရားအပေါ် လွန်စွာကြည်ညို ၏။ သဒ္ဓါသတိ ပညာတရားတွေ တိုးပွားများပြားလာ၏။ ပီတိပါမောဇ္ဇတရားတွေတိုးပွား၏။ ဘေးကြီး ဘေးငယ်၊ ဆင်းရဲဒုက္ခဟူ သည်မျှကို သည်းခံနိုင်စွမ်းရှိ၏။ ဘုရားနှင့် အတူနေရသကဲ့သို့ မှတ်ထင် ၏။
ဗုဒ္ဓါနုဿတိကိန်းအောင်းသူ၏ ခန္ဓာသည် စေတီကဲ့သို့ ပူဇော်ထိုက်၏။ အကုသိုလ်တစ်ခုခု ပြုလုပ်ဖို့ ကြုံလျှင် ဘုရားရှေ့မှာနေရသကဲ့သို့ထင်၍ ရှက်ကြောက်ခြင်း၊ ဟိရီသြတ္တပ္ပဖြစ်၏။ အထက်မဂ်ဖိုလ် တရားထူးကို မသိသော်ငြားလည်းကောင်း ရာသုဂတိသို့ လားရောက်ရ၏ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌာကထာမှ ထုတ်နုတ်ဖော်ပြထား၏။ ပင်မဖြန့်ချိရေးဓမ္မ ပိယစာပေဟုဆိုသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆ဝဝ၅ဝ၈။

