Saturday, March 21, 2009

ဟာသများ

စည်းကမ်းရှိသူ
" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ " @hp

မှားယွင်းမှု၏ရလဒ်
" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ " @hp

သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ " @hp သူ့လက်ရာ " ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် " @hp
ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။ အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "" အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး ခဏငှားလာတာတဲ့ " @hp
စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး " @hp ယုံပါတယ် " တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ " " ဟေ့ကောင် ငါကအယ်ဒီတာကွ "" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် " @hp
မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ " @hp ဘယ်သူ့လက်ချက်လဲ " ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား " " ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ " @hp
တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ " @hp
ူ့နေရာသူပြန်သွား
" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ " " ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် " @hp မေးမှသိတယ် " မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ " @hp

ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp
ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း
" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp
နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ " " ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " @hp
ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp
မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp
အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp
မမြောက်ပါနဲ့ဗျာ
" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp
ထင်တာကတခြား
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " @hp
သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "
ပင်ပအစားအစာ
" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "
သမ်းပြတာမဟုတ်ပါ
" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "
ယောက်ျားဆိုတာ
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
လွဲမထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "" ဘာဖြစ်လို့လဲဗျ "" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp
ဆရာ့ညွှန်ကြားချက်
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "" ဟုတ်ကဲ့ဆရာ "" ဘယ်လိုနေလဲကွ "" ဘယ်လိုမှ မနေဘူးဆရာ "" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp
လိုချင်ရင်ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "

Read More...

Sunday, February 15, 2009

အပန်းပြေသော ဟာသလေးများ

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို
ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို
ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။
ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ
သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"

၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"
"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က
အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ"
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
"ဆရာ့အသက် ၂၄ နှစ်"
"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"
"ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က်
ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ"

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင်
ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"

၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို
ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ်
ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။
နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင်
မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက
ခေါ်ပြီး ကြိမ်းမောင်းသည်။

"ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင်
ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ"
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
"ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင်
ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို
ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတော
င် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ်
ခင်ဗျ"

Read More...

Saturday, December 27, 2008

နိုဝင်ဘာမိုး - ဂျူး


ဒီဟာကတော့....စာရေးဆရာမ“ ဂျူး ” ရဲ့  နိုဝင်ဘာမိုးထဲကသီချင်းအဟောင်းလေးတွေစူစီးမူပါ.
စာအုပ်ထဲမှတော့...Englishသီချင်းစာသားကိုမြန်မာလိုပြန်ထားပေးပြီး..ဆိုတဲ့လူရဲ့ကိုယ်ရေးအကျင်းလဲပါတယ်
သီချင်း၂၅ ပုဒ်ပါတယ် ။ သီချင်းအဟောင်းလေးတွေပေါ့ ။
ကျွန်တော်က...အားလုံးကိုနားထောင်စေချင်တဲအတွက်....စုစီးပြီးတင်ပေးထားပါတယ်။ ခံစားကြည့် ပါ ။ ကျေူးဇူး..



Read More...

Friday, December 26, 2008

တိုက်ဆိုင်လိုက်ပုံများ

တိုက်ဆိုင်လိုက်ပုံများ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်

ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ

မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။

ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။

မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
-----------------------------------------------------------------------------------------------------------------------

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ "ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary' husband, and you?har har.

မိုရီ။ ။ Me too, har har har

-------------------------------------------------------------------------------------------------------------------------
လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။
ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)

အရာရှိ- "Ready",'Aim".

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်အရာရှိ-- 'Ready', 'Aim'

ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေး လွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'

ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

Read More...

Wednesday, December 24, 2008

ငါ့...............

ငါ့
လက်ကလွတ်ကျသွားတဲ့ ... မျက်ရည်တွေ
ဂစ်တာပေါ်စီးစင်းကာနေ

အလွမ်းဖြစ်သွားတဲ့ သစ်ပင်တွေ
နေရောင်ခြည် နဲ့ ဝေးခါနေ

အခန်းထဲကတောက်ပလွန်းတဲ့ 
လရောင်တွေ
နံရန်ပေါ်ဖိတ်...ကျကာနေ

အဆိပ်ဖြစ်သွားတဲ့ တေးသံတွေ
ကြင်နာသူနဲ့ ဝေးနေချိန်

အရူန်းဖြစ်သွားတဲညနေ
အိမ်ပြန်ချင်ဆဲ...ဝေးနေချိန်

ငါ......ဒီမှာ
သိမ်ငယ်စွာ.....ရင်ခုန်သံ
ကြိုးစား.....မေ့ပစ်တုန်း

ပင်လယ်ပြင်မှာ...ဒီလူဟာ
သိမ်ငယ်စွာ....ကြိုးစားကူးခတ်တုန်း
ငါ
ငါ
တစ်ယောက်ထဲလေ...နင်မရီုတဲနေ့  ။

ကိုလေးဖြု (BOB)
thank

Read More...

Sunday, December 21, 2008

Youu Be (Thu Thu & Khin Khin Ka)

Read More...