Saturday, December 27, 2008

နိုဝင်ဘာမိုး - ဂျူး


ဒီဟာကတော့....စာရေးဆရာမ“ ဂျူး ” ရဲ့  နိုဝင်ဘာမိုးထဲကသီချင်းအဟောင်းလေးတွေစူစီးမူပါ.
စာအုပ်ထဲမှတော့...Englishသီချင်းစာသားကိုမြန်မာလိုပြန်ထားပေးပြီး..ဆိုတဲ့လူရဲ့ကိုယ်ရေးအကျင်းလဲပါတယ်
သီချင်း၂၅ ပုဒ်ပါတယ် ။ သီချင်းအဟောင်းလေးတွေပေါ့ ။
ကျွန်တော်က...အားလုံးကိုနားထောင်စေချင်တဲအတွက်....စုစီးပြီးတင်ပေးထားပါတယ်။ ခံစားကြည့် ပါ ။ ကျေူးဇူး..



Read More...

Friday, December 26, 2008

တိုက်ဆိုင်လိုက်ပုံများ

တိုက်ဆိုင်လိုက်ပုံများ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်

ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ

မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။

ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။

မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
-----------------------------------------------------------------------------------------------------------------------

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ "ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary' husband, and you?har har.

မိုရီ။ ။ Me too, har har har

-------------------------------------------------------------------------------------------------------------------------
လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။
ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)

အရာရှိ- "Ready",'Aim".

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်အရာရှိ-- 'Ready', 'Aim'

ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေး လွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'

ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

Read More...

Wednesday, December 24, 2008

ငါ့...............

ငါ့
လက်ကလွတ်ကျသွားတဲ့ ... မျက်ရည်တွေ
ဂစ်တာပေါ်စီးစင်းကာနေ

အလွမ်းဖြစ်သွားတဲ့ သစ်ပင်တွေ
နေရောင်ခြည် နဲ့ ဝေးခါနေ

အခန်းထဲကတောက်ပလွန်းတဲ့ 
လရောင်တွေ
နံရန်ပေါ်ဖိတ်...ကျကာနေ

အဆိပ်ဖြစ်သွားတဲ့ တေးသံတွေ
ကြင်နာသူနဲ့ ဝေးနေချိန်

အရူန်းဖြစ်သွားတဲညနေ
အိမ်ပြန်ချင်ဆဲ...ဝေးနေချိန်

ငါ......ဒီမှာ
သိမ်ငယ်စွာ.....ရင်ခုန်သံ
ကြိုးစား.....မေ့ပစ်တုန်း

ပင်လယ်ပြင်မှာ...ဒီလူဟာ
သိမ်ငယ်စွာ....ကြိုးစားကူးခတ်တုန်း
ငါ
ငါ
တစ်ယောက်ထဲလေ...နင်မရီုတဲနေ့  ။

ကိုလေးဖြု (BOB)
thank

Read More...

Sunday, December 21, 2008

Youu Be (Thu Thu & Khin Khin Ka)

Read More...

Solitude




"Solitude"

How many times have you told me you love her
As many times as I've wanted to tell you the truth
How long have I stood here beside you
I live through you
You looked through me

Ooh, Solitude,
Still with me is only you
Ooh, Solitude,
I can't stay away from you

How many times have I done this to myself
How long will it take before I see
When will this hole in my heart be mended
Who now is left alone but me

Ooh, Solitude,
Forever me and forever you
Ooh, Solitude,
Only you, only true

Everyone leaves me stranded
Forgotten, abandoned, left behind
I can't stay here another night

Your secret admirer
Who could it be

Ooh, Can't you see
All along it was me
How can you be so blind
As to see right through me

And Ooh, Solitude,
Still with me is only you
Ooh, Solitude,
I can't stay away from you

Ooh, Solitude,
Forever me and forever you
Ooh, Solitude,
Only you, only true

Read More...





Now I will tell you what I've done for you

50 thousand tears I've cried
Screaming, deceiving, and bleeding for you
And you still won't hear me
Don't want your hand this time, I'll save myself
Maybe I'll wake up for once
Not tormented...Daily defeated by you
Just when I thought I'd reached the bottom

I'm dying again...

(Chorus)
I'm going under
Drowning in you
I'm falling forever
I've got to break through
I'm going under

Blurring and stirring the truth and the lies
So I don't know what's real and what's not
Always confusing the thoughts in my head
So I can't trust myself anymore

I'm dying again

(Chorus)

So go on and scream
Scream at me
I'm so far away
I won't be broken again
I've got to breathe
I can't keep going under

Read More...

Saturday, December 20, 2008

PARAMORE: Decode



How can I decide what's right
When you're clouding up my mind?
I can't win your losing fight
All the time.

Not gonna ever own what's mine
When you're always taking sides?
But you won't take away my pride.
No, not this time.
Not this time.

How did we get here?
When I used to know you so well.
But how did we get here?
Well, I think I know.

The truth is hiding in your eyes
And it's hanging on your tongue.
Just boiling in my blood.
But you think that I can't see
What kind of man that you are,
If you're a man at all.
Well, I will figure this one out
On my own.
(I'm screaming, "I love you so.")
On my own.
(My thoughts you can't decode)

How did we get here?
When I used to know you so well, yeah.
But how did we get here?
Well, I think I know.

Do you see what we've done?
We've gone and made such fools
Of ourselves.
Do you see what we've done?
We've gone and made such fools
Of ourselves.

Yeah.Yeah.

How did we get here?
When I used to know you so well, yeah, yeah.
How did we get here?
Well, I used to know you so well.
I think I know.
I think I know.

There is something I see in you.
It might kill me.
I want it to be true.

Read More...

FIREHOUSE - love of a lifetime (Good Acoustic)



W.Leverty-C.Snare-

I guess the time was right for us to say
We'd take our time and live our lives together day by day
We'll make a wish and send it on a prayer
We know our dreams can all come true with love that we can share

With you I never wonder - will you be there for me
With you I never wonder - you're the right one for me

Chorus:
I finally found the love of a lifetime
A love to last my whole life through
I finally found the love of a lifetime
Forever in my heart, I finally found the love of a lifetime

With every kiss our love is like brand-new
And every star up in the sky was made for me and you
Still we both know that the road is long
(But) we know that we will be together because our love is strong

Chorus

Read More...

Complaints Choir of Singapore

Read More...

Wednesday, December 10, 2008














Read More...

၂၀၀၉ ခုနှစ် တက္ကသိုလ် ဝင်တန်း မြန်မာစာ မေးခွန်းလွှာ

*၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။*

အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။



*(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။*

နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။



*(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။*

အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။



၂။ *(က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။*

အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊
မခံနိုင်ဘူး။



*(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။*

ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။



*(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင်
မည်သို့သုံးထားကြောင်း နှင့် *

*အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့်
ကူးဖြေပါ။*

ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊

လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊ ပိုးပြောင်ကြီးပုဆိုး
ပေါက်သကဲ့သို့ (ဥပမာ)။



၃။ *(က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။*

(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။

(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။

(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။

(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။

(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို
ဖော်ပြပါ။

(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။

(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏ အဓိပ္ပါယ်ကို
ရေးပါ။

(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏
ခံစားချက်ကိုရေးပါ။


၎။ *(က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။*

"အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့
အကြိုက်တွေ့အောင်

ဖြီးဖြန်းရေးသားပါ။

(သို့)

"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။



*(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။*

(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။

(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။

(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။

(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။

(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။

(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။

(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။



*(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။*

သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ
သက်မွန်မြင့်နှင့်တူပုံ၊

ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။

(သို့)

"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။



*၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။*

ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊

ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။



*(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။*

ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြ

ကပုံ။

(သို့)

"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို
စိတ်ဝင်စားဖွယ်ဖြေဆိုပါ။

Read More...

Saturday, December 6, 2008

နွေအကြောင်းမသိ တဲ့ဆောင်း
သူ အအေးနဲ့  သူနွေးနေတုန်း

ဆောင်းအကြောင်း မသိတဲ့ နွေ
သူ့ အနွေးနဲ့  သူအေးနေတုန်း

နင့်အကြောင်း မသိတဲ့ ငါ
အလွမ်းတွေနဲ့  မွေ့ လျော်တုန်း

Read More...

Thursday, November 27, 2008

ဗုဒ္ဓရှင်တော်မြတ် အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲ အရှေ့တောင်အာရှ/ အာဆီယံ နိုင်ငံများတွင် မြန်မာ့ ပန်းချီလောက ထွန်းပေါက် နေသည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု . . .

မြ
န်မာ ပန်းချီဆရာများက မကြာခဏ ဆိုသလို ယင်းနိုင်ငံများတွင် သာမက ဥရောပနှင့် အနောက် နိုင်ငံများအထိ ဖြန့်ကျက်၍ ပန်းချီပြပွဲများ ခင်းကျင်း ပြသနေသည်ကို တွေ့ရှိရသည်။ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့များ ဘာသာရေးနှင့် တိုင်းရင်းသား အစုံ၏ ဓလေ့စရိုက်များ၊ လူမူဝန်းကျင်များနှင့် သဘာဝ အလှများကို လှလှပပ ဖော်ကျူး ဆေးသားခြယ်ကြသည်။ အစပထမတွင် ပြသသည့် မြန်မာ ပန်းချီဆရာများ၏ ပန်းချီပြပွဲများ အနေဖြင့် စင်းလုံးချော မအောင်မြင် ခဲ့ကြသော်လည်း ယခု တဖြည်းဖြည်းနှင့် အောင်မြင်ခဲ့သော ပန်းချီပြပွဲများ၏ သတင်းများကို ကြားနေရသည်။
ယခုလည်း မြန်မာ ပန်းချီ'ဆရာဒီပ'က သူ၏ Shining Buddha ကို ပထမဆုံး အကြိမ် တစ်ကိုယ်တော် ပြပွဲအဖြစ် စင်ကာပူ နိုင်ငံရှိ The Arts House, Gallery,( 1 Old Parliament Lane,) ၌ ၂၃-၁ဝ-၂ဝဝ၈ မှ ၃ဝ-၁ဝ-၂ဝဝ၈ ထိ ပြသခဲ့ကြောင်း သိရှိရသည်။
ယင်းပန်းချီပြပွဲနှင့် ပတ်သက်၍ ပန်းချီကား များထဲမှ မြစိမ်းရောင် အမည်ရှိ ပန်းချီကားကို Asian Arts News u www. artyartgallery.com မှ တစ်ဆင့် ရွေးချယ်ကာ စက်တင်ဘာ၊ အောက်တိုဘာ လထုတ်တွင် ဆောင်းပါးဖြင့် အထူးတလည် ဖော်ပြခဲ့ကြောင်း ကိုလည်း သိရှိခဲ့ရသည်။ ယင်းပန်းချီကားကို ပွဲမစမီ ရောင်းချ ခဲ့ရကြောင်းကိုလည်း သိရှိရသည်။
စင်ကာပူ နိုင်ငံသားများမှ ပန်းချီကားများ ထပ်မံ ဝယ်ယူ ခဲ့ကြောင်းကိုလည်း သိရှိရသည်။ ပြပွဲတွင် ပြသသည့် ပန်းချီ အတွင်းဘောင်များကို ပန်းချီဆရာ ဒီပမှ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည်ဟု သိရသည်။ ယင်းပြပွဲ ဖွင့်ပွဲကို စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဖွင့်လှစ်ပေးခဲ့ပြီး၊ အခြားနိုင်ငံစုံမှ သံအမတ်ကြီးများ၊ ဧည့်သည်တော်များ တက်ရောက်၍ အထူး စိတ်ဝင်စားစွာ ကြည့်ရှု အားပေး ခဲ့ကြသည်။
ပန်းချီ ဒီပက ပန်းချီကား စုစုပေါင်း ၂၆ ကားတိတိ ပြသခဲ့သည်ဟု သိရှိရသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ခုနှစ်ကား ရောင်းချခဲ့ရကြောင်း သိရှိရသည်။ ပန်းချီ ဒီပသည် တစ်ချိန်က ရုပ်ရှင်ကားကြီးများ ရိုက်ကူးခဲ့သည့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်ပြီး CREATIVE DESIGNER Co.,Ltd နှင့် မြန်မာနိုင်ငံရှိ ACD Art Gallery ကို ထူထောင်ထားသူ ဖြစ်သည်။ သမီးဖြစ်သူ မေသန္တာဦးကလည်း စင်ကာပူနိုင်ငံရှိ ARTY ART GALLERY ကို ဖခင်ဖြစ်သူ ပန်းချီဒီပနှင့် အတူ ထူထောင်ထားကြောင်း သိရှိရသည်။ ပန်းချီ ဆရာဒီပ၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည် (KWK)ကလည်း ပန်းချီကားများ ရေးဆွဲလျက် ရှိပြီး မကြာခဏ ဆိုသလို ပြည်တွင်းနှင့် ပြည်ပများတွင်ပါ ပန်းချီပြပွဲများကို ပါဝင် ပြသလျက် ရှိကြောင်း ပန်းချီဒီပ မိသားစု၏ အနုပညာ လမ်းကြောင်းများကို သတင်း ရရှိခဲ့သည်။ ပန်းချီမြတ်အောင်

Read More...

ဟာသအတိုအစလေးတွေ

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"


+ + + + +

လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

+ + + + +

* သေနည်းကောင်း*

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

+ + + + +

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

+ + + + +

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"

+ + + + +

အဖေ့အပေါ် မူတည်တယ်

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "

+ + + + +

*မဖြစ်ဘူး*

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

+ + + + +

*ရွေးချယ်မှု*

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "

+ + + + +

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......

Read More...

Wednesday, November 19, 2008

၇ ရက်သားသားသ္မီးများအတွက်

တနင်္ဂနွေ
အောင်မြင်နေသူများ အပင်ထိပ်ရောက်နေသည့်အလား အမြင့်ဆုံးဖြစ်နေနိုင်သလို
မအောင်မြင်သူများကလည်း အဝီစိအထိဆင်းသွားနိုင်သော လဖြစ်သဖြင့်
စီးပွားရေးလုပ်ငန်းသစ် စလိုသူများ အထူးသတိထားသင့်သည့်လ ဖြစ်သည်။
တနင်္ဂနွေနံ အလုပ်ဖြစ်သည့် "ဦးရှင်ကြီး" တင်ခြင်းသည် ဝါထွက်ကာလ
ဖြစ်သည့်အားလျော်စွာ အကျိုးပေးလတ္တံ။ ပညာရေးအနေဖြင့်
ကိုယ်တိုင်ကြိုးစားခြင်းထက် ကြိုးစားထားသူထံမှ ကူးယူခြင်း၊
မေးခွန်းဝယ်ခြင်းများက ပိုအကျိုးရှိနိုင်သည်။ အချစ်ရေးတွင်
ဆန့်ကျင်ဘက်လိင်ထက် လိင်တူများက သင့်ကို သဘောကျနေတတ်သဖြင့် သတိပြုပါ။
မြေအောက်အိမ်သာသွားခြင်း၊ ဓါတ်လှေခါး တစ်ယောက်တည်းစီးခြင်းများ ရှောင်ပါ။
ကံပွင့်စေမည့် ယတြာမှာ ဥတစ်လုံး (ကြက်၊ဘဲ၊ငုံး) ကို ခေါင်းပေါ်အသာရွက်၍
အုန်းပင်အောက်တွင် ခြေတပေါင်ကျိုးရပ်ရင်း "ဥ တစ်လုံးတည်းရှိသူရယ်ပါ" ဟု
ဖြတ်သွားဖြတ်လာများကို ၁၅ မိနစ်ခန့် နှုတ်ဆက်ပါ။

တနင်္လာ

မကောင်းသတင်းနှင့် သတင်းဆိုးများ စုံတွဲ၍ ကြားရတတ်သည်။ လစာနည်းသော်လည်း
အထက်လူကြီး မကောင်းသည့် ကုမ္ပဏီများတွင် အလုပ်ရတတ်သည်။
ကိုယ်ပိုင်အလုပ်အနေဖြင့် ချဲထိုးခြင်း၊ ဂျင်ကစားခြင်း၊ ကဒ်စွဲခြင်း
စသည့်နေ့တူနံတူများ အားကောင်းနေသည်။ နာမည်မကြီးသေးသူများ နာမည်ကြီးလိုပါက
ခပ်ကြီးကြီးပြင်ရေးနိုင်သည်။ တနင်္လာသားများအတွက် ပညာရေးအထူးအားကောင်းသော
အောက်တိုဘာလဖြစ်သဖြင့် စာပေလေ့လာခြင်း၊ ကျက်မှတ်ခြင်း၊ တွက်ချက်ခြင်းများ
လုံးဝမလုပ်ဘဲ စာမေးပွဲသာသွားဖြေပါလေ။ အောင်ကိုအောင်ရမည်။
မအောင်လျှင်ကျလတ္တံ့။ နှလုံးသားလှသူများ ရုပ်ဆိုးစိတ်ပုပ်သူများနှင့်
အတွဲအဘက်ဖြစ်အံ့။ နှလုံးသားမလှသူများ ကံတူအကျိုးပေးနှင့် အကြောင်းပါအံ့။
ကောင်းသထက်ကောင်းလာစေမည့် ယတြာမှာ - ကြောင်ချီး (လတ်လတ်ဆတ်ဆတ်)ကို
ကြွပ်ကြွပ်အိတ်တွင်ထည့်၍ အိမ်သို့အလည်လာသူတိုင်းကို "ယနေ့ကြွလာ မိတ်သဟာ
ချမ်းသာကိုယ်စိတ် မြဲပါစေ" ဟု ရေရွတ်ပြီး လက်ဆောင်အဖြစ်ပေးပါ။

အင်္ဂါ

စိတ်ရောကိုယ်ပါ ဖလမ်းဖလမ်းထအောင် လန်းဆန်းဖျတ်လတ်နေတတ်သည်။
ရပ်ဝေးရပ်နီးမှ ဆွေမျိုးများတက်လာပြီး တဝတပြဲ စားသောက်သွားသဖြင့်
သင်ကိုယ်တိုင်မှာ ဘုန်ကြီးကျောင်း၊ စတုဒီသာ စသည်တို့နှင့် ရင်းနှီးလတ္တံ့။
လူအနေဖြင့် ကျန်းမာသော်လည်း မိမိစီးသွားသောကား ဂက်စ်အိုးပေါက်ခြင်း၊
မသမာသူ လူတစု ဗုံးခွဲမည့်အနားတွင် ရှူရှူးထိုင်ပေါက်မိခြင်း
စသည့်ကုသိုလ်ကံများကို ထင်ထင်ရှားရှားတွေ့နေရသည်။ ပညာရေးအားနည်းသဖြင့်
စာကျက်ခြင်း၊ စာမေးပွဲဖြေခြင်း၊ သင်တန်းတက်ခြင်းများ လုံးဝမလုပ်ဘဲ
အလေလိုက်နေပါ။ အိမ်ထောင်ရေးတွင် ၂ ဖက်ယောက္ခမများ
ဝင်ရောက်စွက်ဖက်တတ်သဖြင့် ရိုက်နှက်ဆုံးမထားပါ။ ယတြာချေလိုပါက အင်္ဂါနေ့
မွန်းတည့် ၁၂ နာရီတိတိတွင် စိန်ပန်းပင်အောက်သွား၍
(ပါးစပ်နှင့်အပြည့်ရှိသော) စကျင်ကျောက်ခဲတစ်လုံးကို
စိစိညက်ညက်ကြေအောင်ဝါးရင်း စိပ်ပုတီးစိပ်ပါ။

ဗုဒ္ဓဟူး

စိတ်ကူးစိတ်သန်းကောင်းလေးများ ရှိနေတတ်သည်။ အသက်ငယ်ရွယ်သူများက
ကြီးပေါကြီးဟု သဘောထားကာ ဆရာတင်ခြင်း ခံရတတ်သည်။ ယောက်ျားလေးများ
ခန္ဓာကိုယ်ရှိ ဗုဒ္ဓဟူးနံ အင်္ဂါအစိတ်အပိုင်းများ အားနည်းတတ်သည် (ဥပမာ လက်)။
ရုပ်ရှင်ရုံထဲတွင် ရဲဖမ်းခံရခြင်း၊ ရပ်ကွက်လူကြီးသမီးကို
ရစ်သီရစ်သီလုပ်မိခြင်းတို့ကဲ့သိ

ု့ "အသွားမတော်တစ်လှမ်း"
များဖြစ်နေတတ်သည်။ ပညာရေးသမားများ လာဒ်ပေးခြင်းသာ အောင်မြင်ရာ၏ ဟု
နှလုံးသွင်းထားပါက ပိုသင့်တော်မည်။ အချစ်ရေးတွင် လက်နှေးခြင်း၊
လက်တုန်ခြင်း၊ လက်ကြောသေခြင်း၊ လေဖြတ်ခြင်းများခံစားရနိုင်သဖြင့်
သတိပြုပါ။ (ဖူးစာဆိုတာ ဦးရာလူလို့မှတ်ပါလေ) ဗုဒ္ဓဟူးသားများအတွက်
ယတြာအနေဖြင့် ရဲစခန်းတစ်ခုသို့သွားကာ ရမန်ကြီးဖြင့် အချုပ်ခံရစေရန်အတွက်
"ရက်စက်မှုတွေကို ရပ်တန်းကရပ်ပါ" ဟု ရေငတ်လာသည်အထိ အော်ပါ။ အချုပ်ခံရလျှင်
အဆိုးများပျောက်ပြီး အညံ့များသာကျန်သည်ဟု မှတ်ပါ။

ကြာသပတေး

ဝါကျွတ်ကာလဖြစ်သည့် အားလျော်စွာ ဖယောင်းတိုင်မီးဖြင့် နေရအံ့။
မိစ္ဆာအယူရှိသူတို့ကြောင့် ဘုန်းတော်ကြီးများပင် ဘုရားတက်ရ ခက်နိုင်သည်။
စီးပွားရေးအနေဖြင့် ပူဖောင်းရောင်းခြင်း၊ ဘုရားတွင် ဖိနပ်စောင့်ခြင်း၊
ဖားရိုက်ခြင်းစသည့် နံတူအလုပ်များ ဖြစ်ထွန်းလတ္တံ့။ ပညာရေးတွင် "ဖွတ်ကျား"
ဟုအမည်တွင်လောက်အောင် ထူးချွန်ကိန်းမြင်သဖြင့် အတန်းပိုင်ဆရာကို
ပုဝါ၊ပါတိတ်၊ပိုက်ဆံတို့ဖြင့် ကန်တော့ထားပါမှ အောင်ရုံလောက်ရှိမည်။
(အမျိုးသ္မိးများ အထူးသတိထားရမည်က) သင့်အတွက် အချစ်သစ်ဖြစ်သော်လည်း
သူ့အတွက် အချစ်ဟောင်းဖြစ်နေမည့် ဖူးစာဖက်များရကြလတ္တံ့။ ဥပမာအားဖြင့်
သင့်အချစ်ဦးသည် မုဆိုးဖိုကြီး၊ လက်ရှိမယားငယ် ၂ ယောက်ရှိပြီးသူ
စသည့်ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်နေတတ်သည်။ သို့သော် စိတ်မပူနှင့်။
သင့်ကိုလည်း ရေရှည်ပေါင်းမည်မဟုတ်ချေ။ ယတြာကောင်းကောင်းလိုချင်သူများ
အနေဖြင့် ပန်ကာ ၂ လုံးကို ချိုင်းကြားညှပ်ပြီး အထပ်မြင့်မြင့် (အနဲဆုံး
၁၀ထပ်ရှိ) ပြတင်းပေါက်တစ်ခုမှ "လေယာဉ်ပျံလာပြီ" ဟုအော်ရင်း ၃
ကြိမ်ခုန်ချပါ။

သောကြာ

နိုဝင်ဘာလတွင် ကံအကောင်းဆုံး မွေးနေ့ရှင်များဖြစ်သည်။ အလှူအိမ်မှ ကျန်သော
စားကောင်းသောက်ဖွယ်များ၊ လျော့ဈေးဖြင့်ရောင်းသော နေလောင်ထားသည့်
အဝတ်အစားများရတတ်သည်။ ကံကိုယုံ၍တော့ ချီးပုံ မနင်းမိရန်လိုသည်။ သောင်း၊
သိန်း၊ သန်း စသည့် ပိုက်ဆံနာမည်ပါသူများ သူများတွင်မရှိသည့်
ရောဂါဆန်းများရတတ်သည်။ သို့သော် ခဏသာ ခံစားရမည်ဖြစ်သဖြင့်
စိတ်ပူရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း သေမည်ဖြစ်၏။
အိမ်ထောင်ပြုလိုသူများ သူများကလေးကို ကိုယ့်ကလေးအဖြစ်
နာမည်တပ်ခံရတတ်သဖြင့် အသေအချာ စိစစ်ရန်လိုသည်။ ယတြာမှာ ၇ ရက်ဆက်တိုက်
ဒူးရင်းသီးကြီးကြီးတစ်လုံးကို ခေါင်းအုံးအိပ်ရင်း "ဒုက္ခတွေကနေ ဝေးပါစေ"
ဟု ဆန္ဒပြုပါ။





စနေ

မကောင်းသော အကြံအစည်များ အကောင်အထည်ပေါ်ပြီး အကြံကောင်းများ
ပျက်စီးကိန်းရှိသည်။ တောင်စဉ်ရေမရ စကားများကြောင့်
တက်တက်ပြောင်ကိန်းလည်းရှိသည်။ ထင်ရှား ကျော်ကြားသူဖြစ်ချင်သဖြင့်
ကြိုးစားရင်း ထက်ထက်မိုးဦး ထမိန်လျှော်ရကိန်းမျိုးလည်းရှိသဖြင့်
အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးနေပါ။ ကျန်းမာရေးတွင် ကျော်မကောင်း၊
ကြားမကောင်းဖြစ်တတ်သည်။ ပညာရေးတွင်
ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖွယ်ရှိသဖြင့် စာအုပ်များအနီးတွင်
ဖယောင်းတိုင်ထွန်းခြင်း၊ ချွန်သောခဲတံ၊ ဘောပင်များဖြင့်
စာရေးခြင်းကိုရှောင်ပါ။ အချစ်ရေးတွင် ထိပ်ထိပ်ပြာပြာဖြစ်လောက်အောင်
တွဲချင်သူများပေါမည်။ ထိုသူများအား အတွင်းခံဘောင်းဘီ
ကြပ်ကြပ်မ၀တ်ထားခိုင်းပါလေနှင့်။ အညံ့များဝေးစေရန် ယတြာမှာ
ဒိန်ချဉ်သည်တစ်ယောက်ကို ဒစ္စကိုခေါ်သွားပြီး
ဓါတ်ပြားဟောင်းကြီးသီချင်းဖြင့် Dance ပါ။

Read More...

Monday, November 17, 2008

ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်

မိဿအချစ်ဒဿန (ARIES March 21 - April 19)


မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်

ချက်များ၊မီးတောက်၊မီးလျှံများကြားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။ နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ပြိဿအချစ်ဒဿန (TAURUS April 20 - May 20)


ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

မေထုန် အချစ်ဒဿန
(GEMINI May 21 - June 20)
မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။
ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့် လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။

ကရကဋ် အချစ်ဒဿန
(CANCER June 21 - July 22)


ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင် ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

သိဟ်အချစ်ဒဿန (LEO July 23 - August 22)
သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။

ကန် အချစ်ဒဿန (VIRGO 24 to September 23)
ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။
လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။ နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူ​သောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။

တူရာသီ အချစ်ဒဿန (LIBRA 24 to October 23)

တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍ ချစ်တတ်သည်။
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုး​ပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာ​ရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို ဥပက္ခာ​ပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍ အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ​၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြ​လိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှု​အပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊​ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။

ဗြိစ္ဆာအချစ်ဒဿန (SCORPIO October 24 to November 22)

ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်​နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့​နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။

ဓနု အချစ်ဒဿန (SAGITTARIUS November 23to December 21)

ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိ​သူဟု ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။

မကာရ အချစ်ဒဿန (CAPRICORN December 22 to January 20)

မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌ ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။

ကုမ်အချစ်ဒဿန (AQUARIUS January 21 to February 19)

ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။
အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

မိန်အချစ်ဒဿန(PISCES February 20 to March 20)

မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။


အခုဟာက အချစ်ဒဿနတွေပါ ။ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက တင်ပေးလိုက်ပါတယ် ။ ဒါရိုက်တာကို က၁ပတ်ကြာတယ်။ မအားတာနဲ့၊ပျင်းတာနဲ့ပေါ့။

Read More...

Friday, November 14, 2008

Zoo beefs up safety steps



THE Singapore Zoo has stepped up patrols around animal enclosures and will take extra security measures after a cleaner was killed by two white tigers on Thursday afternoon.

It will be installing warning activation buttons for public to push in an emergency, and asking its zookeepers and staff to report erratic and abnormal behaviour in animals, as well as staff and visitors.

These extra measures were taken a day after a Malaysian contract worker was mauled to death by the big cats after he jumped into the tiger enclosure, watched by a horrified crowd.

The Singapore Zoo, which is investigating the incident, said it is committed to ensuring the safety and well being of all visitors, employees and the animals.

The 32-year-old cleaner from Sarawak, Mr Nordin Montong, had behaved erratically shortly before the tiger attack and was seen shouting and flinging items about. He later vaulted a low wall and landed in a moat in the enclosure, four metres below.

Carrying a yellow pail and a broom, he then crossed the 1.75m-deep moat, walked up a rocky ledge near where three white tigers were and began provoking them by swinging the broom.

One of the tigers then swiped at Mr Nordin, to the horror of the gawking, petrified crowd at the enclosure. Some had thought it was part of the zoo show, until the huge cats started sinking their teeth into the back of the cleaner's neck and tossing him around repeatedly like a ragdoll.

They mauled him with their huge paws for a good two minutes, as the crowd screamed with fright.

Blood could be seen oozing from Mr Nordin's back. The cleaner struggled and thrashed his legs about and became still about five minutes later.

More than a dozen zoo keepers who came to Mr Nordin's rescue and managed to distract the big cats and shoo them back into their den, were given two-hour counselling by a psychiatrist later on Thursday to help them overcome the trauma.

The three white tigers also appeared to be "stressed out" by the incident, said M Biswajit Guha, assistant director of the Zoo on Friday.

"Their ears are perked up and their breathing is quicker than normal," he told The Straits Times.

'We are trying to keep their routine as normal as possible to help settle them.'

The tigers are being kept inside their den, behind the enclosure and away from the curious onlookers hoping to take a look at the scene of Thursday's fatal attack. The tiger are likely to be let into the enclosure on Monday.

Zoo officials said the tigers have never had human contact, at least since they have been in Singapore. They are fed raw meat every day.

As a precautionary measure, the zoo has temporarily closed the White Tiger exhibit.

Meanwhile, the contractor who employed the cleaner said on Friday it will pay for the cleaner's embalming and transportation to send his body back to his hometown in Kuching.

Undertaker Roland Tay who is handling the body, told The Straits Times he would donate the payment from the contractor to Mr Nordin's family. He said the body would be flown to Sarawak on Saturday afternoon.

Zookeepers interviewed by The Straits Times on Friday said Mr Nordin looked troubled on Thursday morning and was not his "normal friendly" self.

Mr Hamzah Isa, 24, a keeper who has worked in the Mandai zoo for nearly three years, said he was shocked when he heard about the tiger attack.

But he said he did not notice any change in the victim's behaviour when he reported for work on Thursday morning.

'He is a quiet man who kept mostly to himself,' he said.

A fellow cleaner, Mr Clement Ijau, 27, also from Sarawak, who lives in the same workers' quarters as Mr Nordin in Serangoon, said he looked upset early on Thursday and ignored the other workers in the quarters. He said Mr Nordin, said to be unmarried, had spoken about missing his parents back home.

Read More...

Saturday, November 8, 2008

Books Corner


ဆန်းလွင်၊ ရှင်အာဒိစ္စရံသီ ဥတ္တရိမနုဿဓမ္မပြဿနာ နန်းဒေဝီစာပေမှ ထုတ် ဝေခြင်းဖြစ်သည်။ စာရေးသူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို (၁၉၃၈-၂ဝဝ၂) ဟုဖော်ပြထားသည်။ စာရေးသူသည် အသက်(၅၈)နှစ်အရွယ်တွင်ဘဝနတ် ထံပျံလွန်တော်မူသည်ဟု ဖော်ပြထားသည်။ ဥတ္တရိ မနုဿဓမ္မဆိုသည်မှာ လူအများ စိတ် ဝင်စားစရာ၊ မကြားဖူးသေးတဲ့ ...

တရားတစ်ခုဖြစ်ကြောင်း၊ အမျိုးမျိုးသော ရဟန်းသံဃာများကို အကဲဖြတ်နိုင်သည့် တရားစံနှုန်းတစ်ခု ဖြစ်ကြောင်း မဂ်ဖိုလ်အကြောင်း ပြောကောင်းမပြောကောင်း၊ သိပ္ပံခေတ်နှင့် ခေတ်အမြင်၊ စတုတ္ထပါရာ ဇိက သိက္ခာပုဒ်စသည်ဖြင့် စာရေးသူ၏ ထူးခြားသည့် ဓမ္မဝိဒယစာတမ်းဟုဆိုထားသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆၃၇ဝ ၉ဝ၇။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ဗုဒ္ဓနှင့်ဗုဒ္ဓဂုဏ်ရည်
ဓမ္မပိယဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်။ အလှူအားလုံးတွင် ဓမ္မအလှူ၊ ပညာ အလှူသည် အမြတ်ဆုံးဖြစ်သည်ဟုဆိုထားသည်။ ဗုဒ္ဓါနုဿတိ ဘာဝနာပွားများသူသည် ရာဂဒေါသ မောဟတို့၏ အပ္ပနာဈာန်သို့ မရောက်ခဲ့သော် ဥပစာရဈာန်သို့ရောက်၏။ ဘုရားအပေါ် လွန်စွာကြည်ညို ၏။ သဒ္ဓါသတိ ပညာတရားတွေ တိုးပွားများပြားလာ၏။ ပီတိပါမောဇ္ဇတရားတွေတိုးပွား၏။ ဘေးကြီး ဘေးငယ်၊ ဆင်းရဲဒုက္ခဟူ သည်မျှကို သည်းခံနိုင်စွမ်းရှိ၏။ ဘုရားနှင့် အတူနေရသကဲ့သို့ မှတ်ထင် ၏။

ဗုဒ္ဓါနုဿတိကိန်းအောင်းသူ၏ ခန္ဓာသည် စေတီကဲ့သို့ ပူဇော်ထိုက်၏။ အကုသိုလ်တစ်ခုခု ပြုလုပ်ဖို့ ကြုံလျှင် ဘုရားရှေ့မှာနေရသကဲ့သို့ထင်၍ ရှက်ကြောက်ခြင်း၊ ဟိရီသြတ္တပ္ပဖြစ်၏။ အထက်မဂ်ဖိုလ် တရားထူးကို မသိသော်ငြားလည်းကောင်း ရာသုဂတိသို့ လားရောက်ရ၏ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌာကထာမှ ထုတ်နုတ်ဖော်ပြထား၏။ ပင်မဖြန့်ချိရေးဓမ္မ ပိယစာပေဟုဆိုသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆ဝဝ၅ဝ၈။

Read More...

ကျော်ဟိန်း နှင့် Q & A

ဒေါ်ဆင့်ဆင့်အောင် (နိုင်ငြံခားသတင်းထောက်) အောင်ြမင်မှု၊ ကျြော်ကားမှုတွေရရှိတဲ့ မင်းသားကြီး ဦီးကျော်ဟိန်းကို မေးလို့ရ့ရတဲ့အ့အတွကွက် အများကြီးဝမ်းသာ ပါတယ်။ ကျွန်မက မင်းသားကြီးဟောပြောသွားတဲ့အထဲမှာ စိတ်အကြောင်းဆိုတဲ့အထဲမှာ ကျွန်မခုနကနားထောင် လိုက်တာမှာ စိတ်ထဲကိုစိတ်ကဝင်လာတယ်။ အဲဒီစိတ်ကို ဦးကျော်ဟိန်းက တစ်နာရီသိတယ်။ လက်မခံဘူးဆိုတာ

စိတ်ထဲကိုစိတ်ကဝင်လာတယ်။ အဲဒီစိတ်ကို ဦးကျော်ဟိန်းက တစ်နာရီသိတယ်။ လက်မခံဘူး ဆိုတာ ပြောသွားတယ်။ တစ်နေ့ပြီးတဲ့အခါတစ်နေ့။ နောက်တစ်နေ့... နောက်တစ်နေ့ဆိုပြီး ပြောသွားတယ်။ ဒါ... အင်မတန်ကြီးကျယ်တဲ့ကျင့်စဉ်ပါ။ မြန်မာနိုင်ငံမှာမကပါဘူး။ ကမ္ဘာ ပေါ်မှာ အကုန်လုံး ကျင့်ကြံသင့်တဲ့ ကျင့်စဉ်တစ်ခုပါ။ မြန်မာနိုင်ငံမှာရှိတဲ့ … လူတွေ၊ ကမ္ဘာ ပေါ်မှာ ရှိတဲ့လူတွေ အကုန်လုံးဟာ meditation center မှာ အကုန်လုံး ဒါကိုပဲ ကျင့်ကြံနေ ကြတာပါ အဲဒီအထဲကမှ ကျွန်မနားထောင်တဲ့ အထဲမှာ မင်းသားကြီးက ဘယ်ဆရာတော် ဘုရားကြီးဆီမှာ သြဝါဒကိုခံယူပါတယ်။ ဘယ်လ်လူပုဂ္ဂိုလ်ဆရာကြီးဆီမှာ သြဝါဒကိုခံယူပါ တယ်။ meditation center ကိုသိသွားခဲ့ပါတယ်ဆိုတာမပါပါဘူး။ ကိုယ့်ဟာကိုယ်ကိုပဲအလုပ် လုပ်ရင်းနဲ့ပဲ ကျင့်ကြံခဲ့ တာလား။ ပထမဆုံးမေးခွန်းအနေနဲ့ သိချင်ပါတယ်ရှင့်။ ကျွန်မက နီပီပွန်တယ်လီဗေးရှင်းက ဆင့်ဆင့်အောင်ပါ။

ကျွန်တော့်ရဲ့အကျင့်တစ်ခုက ကျွန်တော်တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျွန်တော်လုပ်မယ့် အလုပ် ကို နားလည်ချင်တယ်။ နားလည်ချင်တော့ ကျွန်တော်လူတော်တော်များများကိုလိုက်မေးတယ်။ ခုနက ကျွန်တော်ပြောသလို ဆရာတော်ဦးဝိစိတ္တ၊ တောင်ပုလုဆရာတော်တို့ကို ကျွန်တော်လျှောက် တယ်။ မိုးကုတ်ဝိပဿနာရေးတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ သစ္စာလေးပါးဆိုတာ ကျွန်တော် သေသေ ချာချာဖတ်တယ်။ ပြီးတော့ ဦးဇောတိကစာတွေဖတ်တယ်။ ပြီးတော့ ကျွန်တော့်ကို ဟိုး...ရွှေဥမင်မှာရှိတဲ့ ဘုန်းကြီးတစ်ပါးဆီမှာ တရားစခန်းဝင်တယ်။ ကျွန်တော်တရားသွား ထိုင်တယ်။ တရားပြတဲ့ဘုန်း ကြီးတွေနဲ့ သွားစကားပြောတယ်။ ''ဘုန်းကြီးတွေ...ဒီကျောင်းမှာ ဘာတွေလုပ်နေကြ တာလဲ။ ဘာတွေ လုပ်စေချင်တာလဲ။ သူတို့လုပ်ကောလုပ်နိုင်ရဲ့လား'' ဘာဖြစ်လို့မေးတာလဲတဲ့။

သိချင်တာတစ်ခုကို တကယ်သိသွားရင်အဲဒီလူကဒီနေရာကို ခဏ...ခဏလာဖို့လိုလားမေးတာလဲတဲ့။ သူအိမ်မှာ လုပ်နေရင် ကောမပြီးဘူးလား။ ''ဒကာကြီးမေးတာမှန်တယ်'' တဲ့။ တချို့ကလာတယ်။ ပြီးတော့ပြန်သွားတယ်။ ပြန် လည်းသွားရော ခုနကပြောတဲ့ တစ်နာရီ၊ တစ်နေ့၊ တစ်လ၊ တစ်နှစ် အိမ်ပြန်ဖို့မလုပ်ဖြစ်တော့ဘူးဗျာ။ အဲဒီမလုပ်ဖြစ်တော့ဘူးဆိုတဲ့ အကြောင်းကို ပြောချင်တာ။ လုပ်ပါ။ အဲဒီသတိဆိုတာလေးကိုလုပ်ပါ။ လုပ် ဖြစ်အောင်လုပ်ပါ။ တရားစခန်းကို သင်္ကြန်ကျမှ သွားဝင်စရာမလိုဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကိုသိ။ ကျွန်တော်ခုနက ဘုန်းကြီးတွေအကုန်လုံးလျှောက်မေးပြီးတော့ အိမ်ကျတော့ ကျွန်တော်လုပ်ကြည့် တယ်။ လုပ်ကြည့်တော့ တချို့စာတွေကျတော့ ကျွန်တော်လုပ်လို့ သိနေတာနဲ့ စာထဲမှာ အဆုံးထိ မရောက်ဘူးဗျာ။

အခုက ကျွန်တော်များများ သိတာက စာအုပ်ထဲမှာတို့၊ တခြားတစ်ယောက် ပြောတာ တို့၊ ကျင့်ပြီးမပါဘူးဗျာ။ ဥပမာကုသိုလ်လိုချင်တယ်ဆို'' မင်းဒါလေးကိုသွားပြီးတော့ တနင်္ဂနွေထောင့်မှာ ဘယ်လိုလေးလှူလိုက်ပြီးတော့ တစ်ပတ်လုပ်ကွာ''။ အဲဒီလုပ်တဲ့အချိန်မှာ ဘယ်လို စိတ်ထားရမလဲ။ အဲဒါပြောတဲ့သူကျန်ခဲ့တယ်။ နောက် တစ်ခုကလည်း တရားကျင့်စဉ်ထဲမှာ ကျင့်ထားတာ လွတ်မြောက်ဖို့ ''မင်းဒီလိုလေးလုပ်၊ မေတ္တာပို့ရမယ်''။ ခုနက ဦးကျော်ပြောတာကျတော့။ ဦးကျော်က ထပ်လိုက်တာ ပေါ့လေ။ သူပြောတာ နားထောင်ပြီးထပ်လုပ်ကြည့်တော့ ထပ်သိတာတွေရှိတယ်။ အဲဒီထပ်သိတာတွေ ကျတော့ သွားပြောလို့မရတော့ဘူး။

သူကရေးတဲ့အထဲမှာကုန်နေပြီ။ ဥပမာ ခုနကပြောတဲ့ ဦးကျော်ပြော တဲ့ဟာက စိတ်ကိုသူကသိလိုက်ပြီဆိုရင် အဲဒီစိတ်ထဲကို ဝင်လာတာနဲ့သိတယ်။ အသံကြောင့်လာတာ လား။ အမြင်ကြောင့် လာတာလား။ ဒါကြီးက ငါ့စိတ်ကို ဘယ်တော့မှ မရှိတဲ့အချက်ကြီးကလား။ တစ်ခါ တလေ ဘယ်လိုမျိုးလဲဆိုတော့ ''ငါ..မင်းကို ဟိုနေ့ကသတိရတယ်ကွာ။ မင်းအခုရောက်လာ။'' အဲဒါမျိုး က လူ့ဘဝမှာကြာပြီ။ အဲဒါကို တကယ်စိတ်လေ့ကျင့်ခန်း လုပ်တဲ့အချိန်ကျရင်သွားတွေ့တယ်။ အဲဒါမျိုး ဝင်လာရင် လက်ခံရင်သွားရော။ ဘာမှလုပ်လို့မရတော့ဘူး။ တရားသာထိုင်နေတယ်။ ဘေးကကြည့်ရင် ''ဒီလူကြီး တရားထိုင်နေတယ်။ တိုးတိုးလုပ်ကြပါ'' တကယ်တော့ တရားထိုင်တဲ့လူက အဲဒီစိတ် လေ့ကျင့်ခန်းကိုအစစ်အမှန်မရနိုင်ဘူး။ ဦးကျော် ပြောတာ ဘယ်နေရာမှာလုပ်လုပ်။ စိတ်တစ်ခုဝင်လာ ရင် အဲဒီစိတ်သိပြီးလက်ခံရင်အဲဒီစိတ်ကရှိနေတယ်။ လက်မခံရင်ပြန်ထွက်သွားတယ်။ အရေးကြီးတာ ကလက်မခံဖို့ အရေးကြီးတယ်။

အဲဒီလက်မခံဘူးဆိုတာကသိတာ။ စာရေးရင် သူကတော်တော် နား လည် အောင်ရေးရမှာ။ အဲဒီတော့ ခုနကပြောတဲ့ ဘုန်းကြီးတို့၊ ကျောင်းတို့သွားတာ သူတော့အခြေခံ ပေါ့။ အခြေခံပဲ သွားမေးပြီးတော့ ကိုယ်ကလုပ်ကြည့်တာ။ လုပ်ကြည့်တဲ့အချိန်မှာ စာထဲမှာ ထက်ပိုပြီး တော့ တိကျတဲ့အဖြေတစ်ခုကိုရတယ်။ ရတော့မှ အဲဒီဘုန်းကြီးကို သွားပြန်မေးတာ။ ''အဲဒီလိုလား။'' ''ဟုတ်တယ်... ဒကာကြီးဆက်လုပ်။'' ဆက်လုပ်တယ်။ အဲဒီလိုမျိုး။ နားလည်လား။ ရှင်းမလားမသိဘူး။ ကျေးဇူးတင်ပါတယ်။

ကျွန်မကဒုတိယမေးခွန်းနဲ့ နောက်ဆုံးမေးခွန်းမေးချင်တာကတော့ အခုမင်းသားကြီး ကျင့်ကြံနေတဲ့ စိတ်ဆိုတဲ့ဥစ္စာက လေ့ကျင့်ခန်းကပြီးဆုံးသွားပြီလား။ ခန္ဓာ အသိဖြစ်ပါပြီ ဆိုလာမေးချင်တာပါ။ ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကို ''ဦးကျော်...ခင်ဗျား အဲဒါတွေ ဘာလို့လုပ်သလဲ'' ဆိုရင် ဦးကျော်ဟိန်းဖြေစရာ တစ်ခုပဲရှိတယ်။ ဦးကျော်ဟိန်းရဲ့နောက်ဆုံးထွက်သက်ကို ဦးကျော်ဟိန်းသိချင်တယ်။ အဲဒီအတွက် လေ့ကျင့်တာ။ ဘာမှမဟုတ်ဘူး။ ဘာမှမလိုချင်ဘူး။ အခုသိပြီး သေခါနီးကျပျာယာတွေခတ်နေရင် ဒုက္ခ။ အဲဒီတော့ သူကကြည့်ရင်း... ကြည့်ရင်းနဲ့ အဲဒီသတိကရှိသွားမှာဘဲ။ ဒါသေချာတယ်။ အဲဒီတော့ ဘုန်းကြီးဘဝ။ အမျိုးသမီးကပြောတယ်။ ''ဦးကျော်တဲ့။'' ''မယူချင်ဘူးကွာ...လို့။'' ''ငါ...လျှောက်သွားပြီး ဒီလိုမျိုးတွေပြောချင်တယ်။ ပြောပြီးလို့ ငါ...တစ်နေရာထွက်သွားရင် မင်းပေးတဲ့ကျောင်းပြန်လာမှာ။ ပြန်လာရင်ခရီးစဉ်တွေပျက်ကုန်မယ်။ မသေခင်တော့ အခုဒီနေ့၊ ဒီမှာပြောတဲ့စကားမျိုးတွေကို မသေခင် တော်တော်များများ ပြောဖြစ်သွားချင်တယ်။ ပြောရင်လည်း ဒီလိုပဲနားထောင်ကြမှာပါဆိုပြီး ဒါကဒီမှာ သာ ခုံကြီးနဲ့၊ထည်နဲ့ဒီရှေ့ရောက်နေတာ။

တကယ်ဦးကျော်လိုက်လုပ်ချင်တာကတော့ ''လာဦး၊ မင်းလုပ် မှာ၊ ကျင့်မှာတကယ်လား။ တကယ်ငါပြောရင်မင်းလုပ်ကြည့်။'' လုပ်ကြည့်ရင် သူကတကယ်လုပ်တဲ့ဟာ ဦးကျော်ကို သူကပြန်ပြောမှာဘဲ။ ''မဟုတ်ဘူးထင်တယ်။ မင်း...ထပ်လုပ်ကြည့်လိုက်ဦး။ ငါပြောတာ မင်း...သိလား။ တကယ်သိလား။'' မသိဘူးဆိုရင် သူ့ဘေးကလူ။ ''ငါပြောတာ မင်းကသိလား။ သိ အောင်ပြန်ပြော။ သိပြီးတော့လုပ်သွားရင် တကယ်လုပ်နိုင်ပြီဆိုရင် ''ကဲ...မင်းနေခဲ့တော့။ နောက်သုံး ရက်ကြာရင် မင်းနဲ့ထပ်ပြောမယ်။'' ''ကျွန်တော်လုပ်လို့မရတော့ဘူး။'' ''ဟာ..လုပ်လို့ရပါတယ်။'' အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ဦးကျော်တစ်နေရာရာကို ဘယ်လောက်ကြာမလဲမသိဘူး။ အရေးကြီးတာက တကယ်ရစေချင်တာ။ ခုနကတရားစခန်းကို ကျွန်တော်ဝင်တာအခါသုံးဆယ်ရှိပြီ။ ဦးကျော်အဲဒီသုံး ဆယ်ရှိပြီလို့ ကြွားတာကို နားမထောင်သင့်ဘူး။ တစ်ခါတည်းနဲ့သဘောပေါက်သွားတာ။ အဲဒီလို ဖြစ်စေ ချင်တယ်။ ခင်ဗျားအခုမေးသလို ခန္ဓာအသိကို အခုသိပြီး မနက်ဖြန်မသိရင်သွားရော။ အဲဒီတော့ မနက်ဖြန်လည်းသိအောင် ဘယ်လုပ်မလဲဆိုတော့ သတိထားရမယ်။ အဲဒီသတိကို ဦးကျော်သေချာ ပြောချင်တာ။

ဘာကြောင့်လျှောက်ပြောမှာလဲဆိုတော့ ဘုရားကိုလည်းကျေးဇူးဆပ်တာပေါ့ဗျာ။ ဦးကျော် ဒီလိုမျိုးကြီးလုပ်လိုက်နိုင်တာ ဘုရားရဲ့တရားကိုကျင့်လိုက်လို့။ ဒါတွေဟာ ဘာမှမဟုတ်ဘူးဆိုတာ ထပ် သိတာ။ နို့မို့ဆိုရင် ဒီထဲမှာဘဲပတ်ချာလည်လည်နေမယ်။ ''ဒီအသက် ၆၁ နှစ်ကရိုက်လို့ရသေး တယ်။ နှမျောတယ်''လို့ဦးကျော်မပြောဘူး။ နောက်ငါးနှစ်ကြာရင် (၆၅)ကျရင် ရုပ်ရှင်ထဲမှာဘာတွေ လျှောက် လုပ်ဦးမှာလဲ၊ သူ့လုပ်ကွက်ကကုန်ပြီ၊ အဲဒီ (၆၅)နှစ်ပြီးလို့ (၆၆)နှစ်ကျရင် ဦးကျော်ဘယ်လိုလုပ်အသက် ရှင်မလဲ။ အဲဒီမှာဒုက္ခဖြစ်ပြီ။ အဲဒီကျရင် ဦးကျော်ကိုဘယ်သူတာဝန်ယူမှာလဲ။ အဲဒါကြိုတင်ပြင်ဆင် တယ်လို့ခေါ်တယ်။ အားလုံးဟာ အဲဒီလိုကြိုတင်ပြင်ဆင်တယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကို သဘောပေါက် ပြီး ကိုယ့်ဘဝအတွက် ပြင်ဆင်ထားနိုင်ရင် အခုသေသွားတဲ့အသုဘတွေ တစ်နေ့...တစ်နေ့မှာ အများ ကြီးပဲ။သူတို့တွေ အဲဒီလိုပြင်ဆင်ပြီးသေသွားကြသလား။ အဲဒါကိုယ့်မြန်မာနိုင်ငံက လူကိုကိုယ် စေတနာ ဖြစ်တာ။ ကျွန်တော်အဲဒီစေတနာတွေဖြစ်နေတယ်။ အဲဒီတော့ ခင်ဗျားတို့တွေးလို့ရတယ်။ ဘုရားက မဟာကရုဏာရှင်ကြီးဆိုတာ ဦးကျော်သဘောပေါက်တယ်။ သူကလူတွေစိတ်ပင်ပန်းနေတာ။

စိတ်ဒုက္ခ ရောက်နေတာသူ သိတယ်။ ဦးကျော်လည်း နည်းနည်းအဲဒီလိုသိလာတယ်။ အဲဒါကိုအကူအညီပေးချင် တာ။ ဘာမှမဟုတ်ဘူး။ ခင်ဗျားတို့တွေ အခုဒီကိုလာတယ်။ ဒီမှာအချိန် တစ်နာရီ၊ နှစ်နာရီပေးတယ်။ စိတ်ဒုက္ခကလွတ်မြောက်ရဲ့လား။ ကိုယ်လုပ်ပါ။ ဒီလိုလုပ်တော့ ကျွန်တော်တော့လွတ်မြောက်တယ်ဗျာ။ ခင်ဗျားတို့လုပ်ကြည့်ပါလို့ မေတ္တာရပ်ခံတာ။ မတိုက်တွန်း သေးဘူးနော်။ မေတ္တာရပ်ခံတာ။ လုပ်ကြည့်ပါ။ ခုနကပြောတဲ့ခန္ဓာအသိ။ ဘာအသိဆိုပြီး နောက်ဆုံးထွက်သက် အထိသိချင်တာ။ အဲဒီသိဖို့အတွက်က လေ့ကျင့်မှဖြစ်မယ်လို့ ကျွန်တော်ပြောချင်တယ်။

ပရိသတ်တစ်ဦး (ရခိုင်ြပည်နယ်)
ကျွန်တော်ကရခိုင်ပါ။ ဦးကျော်ဟိန်းမေးရင်ဖြေမယ်ဆိုလို့ ဒီကိုအခက်အမဲများစွာနဲ့ လာခဲ့ပါ တယ်။ ကျွန်တော် ပြောတာမှားလို့ရှိရင်ခွင့်လွှတ်ပါ။ ဆရာတော်ဦးဇောတိက စာအုပ်လည်း ကျွန်တော်လေ့လာပါတယ်။ ကျွန်တော် မေးချင်တာက ဆရာဦးကျော်ဟိန်းကို စိတ်ဆိုတာ အခြေခံခြင်းကို ဆရာရှင်းလင်းပါ။

အခုဆရာကြီး စိတ်ဆိုတာကြားဖူးလား။
စိတ်ဆိုတာ ကျွန်တြော်ကားဖူးပါတယ်။ ကျွန်တော် သေချာမသိပါဘူး။ ဆရာ့ရဲ့ရုပ်ကို မြင်ရ ပါတယ်။ စိတ်ဆိုတာ သေချာမမြင်ရဘူး။
ဟုတ်ပြီ။ ဦးကျော်စိတ် မကြည့်နဲ့။ ခင်ဗျားစိတ်ကိုခင်ဗျား အရင်ကြည့်လိုက်နော်။ ခင်ဗျားစိတ် ဆိုတာ ကြားဖူးတယ်နော်။
ကြားဖူးပါတယ်။
မမြင်ဘူးလား။ မရှိဘူးလား။
ရှိပါတယ်။
ဘယ်နားမှာလဲ။
ကျွန်တော့်ရဲ့ heart ။ ကျွန်တော့်နှလုံးသား။ ဒီထဲမှာ ကျွန်တော် ဖြစ်နေတယ်ပေါ့ဆရာ။ ကျွန်တော် ဦးကျော်ဟိန်းနဲ့တွေ့မယ်။ ကျွန်တော် ဦးကျော်ဟိန်းဆီကိုသိသွားမယ်။ကျွန်တော် မေးမယ်။ ကျွန်တော် ဦးကျော်ဟိန်းရဲ့ သိခြင်းတရားတွေ လေ့လာမယ်။ လူသားအားလုံးကို လေးစားပါတယ်။ မသေခင် ဘာလုပ်မလဲ။ အဲဒါလေးကိုဒီထဲက ကျွန်တော်သိနေပါတယ်။ ကျွန်တော်လောက်ပဲ ပြောပြတတ်ပါတယ် ... ဆရာ။

ဟုတ်ပြီ။ စိတ်ဆိုတဲ့ အခြေခံလေးကိုသိချင်တယ်။ ကိုယ့်စိတ်ကိုကိုယ်သိအောင်... ငါ့စိတ်က ဘယ်မှာရှိသလဲ။ ဘာတွေစဉ်းစားနေလဲ။ ဖြေ။ အခုဘာ တွေ စဉ်းစားနေလဲ။

အခု ကျွန်တော်ဆရာ့ရဲ့စိတ်အကြောင်း စဉ်းစားနေပါတယ်။ အခု ဆရာနဲ့ပြောနေတဲ့ ကျွန်တော့်ရဲ့ heart to heart ကြီးရဲ့အပေါ်မှာလည်း ဆရာတော်ဦးဇောတိကကို ကျွန်တော် သတိရနေပါတယ်။
ဟုတ်ပြီ။ အဲဒီရင်တွေခုန်နေတာကိုဆရာအခုသတိထားမိလား။

သတိတော့ထားပါတယ်ဆရာ။ ဒါပေမဲ့ သတိဆိုတဲ့ ဘုရားရှင်ရဲ့ 'အပ္ပ္ပမာဒ'၊ မမေ့မလျော့တဲ့ သတိနဲ့ နေပါတယ်ဆိုတာ အဲဒီလောက်ပဲ ကျွန်တော်သိပါတယ်။
အခုရှိသေးလား။

ကျွန်တော်မတ်တပ်ရပ်ြပီးတော့ ဆရာကျော်ဟိန်းနဲ့ ပြောနေတယ် ဆိုတာတော့ သိ…. သိ... သိ နေပါတယ်။
အဲဒါခင်ဗျားမြင်ဖူးတဲ့၊မြင်ချင်တဲ့အခြေခံစိတ်ဆိုတာ ခင်ဗျားထဲမှာရှိ နေတယ်ဆိုတာသေချာပြီ ခင်ဗျားဆီမှာ အကြာကြီးရှိအောင် သတိထားပြီး ထိန်းသိမ်းလိုက်။

ဆရာတော်ဦးဇောတိကကိုလည်း အဖေလိုပဲချစ်ပါတယ်။ ရှိခိုးပါတယ်။ ကျွန်တော်ဘုန်းကြီး ကျောင်းသား။ ရခိုင်ြပည်ကလာပြီးတော့ ဒီလို ဆရာ ဦီးကျော်ဟိန်းနဲ့တွေ့ရတာကို ရင်ခုန်ြပီး တော့အဲဒီလောက်ပဲ ကျွန်တော် ပြောတတ်ပါတယ်ဆရာ။
ဟုတ်ပြီ။ အခုရင်ခုန်နေတဲ့စိတ်ကလေးကိုသိပြီးတော့ ခင်ဗျားသိထားနိုင်ရင် ခင်ဗျားအတွက် အဆင်ပြေတာပေါ့ဗျာ။ သူကစိတ်ကို လည်းသိတယ်။ ရင်ခုန်တာလည်းသိတယ်။ ဒေါသထွက်တာလည်း သိတယ်။ စိတ်ညစ်တာလည်းသိမယ်။ နားထောင်နေတာလည်းသိမယ်။ ဦးကျော်ဟိန်းငါ့ကို ကြည့်နေ တယ်ဆိုတာလည်းသိမယ်။ဒါပေမဲ့ နောက်တစ်နာရီကြာရင်အဲဒါတွေကမရှိတော့ဘူး။ မရှိတော့ဘူးဆိုတာထပ်သိနေမယ်။ ဘယ်ဥစ္စာမှ အကြာကြီးမဟုတ်ဘူး။ အဲဒါ ကိုသိနေရင်ခင်ဗျားငြိမ်းချမ်းတယ်။ အဲဒီတော့ခင်ဗျားစိတ်က ဘယ်လိုဖြစ်လာမလဲဆိုရင် ပစ္စုပ္ပန်မှာတည့်တည့်နေဆိုတဲ့အသိတစ်ခုထပ်ရ လိုက်မယ်။ ရတဲ့နေ့၊ ကျင့်ကြံအားထုတ်နိုင်တဲ့နေ့ ခင်ဗျားဒုက္ခကနေ လွတ်မြောက်မှာဘဲ။

ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ မေးတဲ့အထဲမှာ မှားတာ ရှိရင် ကျွန်တော့်ကို နားလည်နိုင်မယ်လိုမျှော်လင့်ပါတယ်။


လျှပ်တစ်ပြက် ဂျာနယ်.

Read More...

ဘရာဇီးဘောလုံးအသင်းမူ


ဘရာဇီး ဘောလုံးအသင်း (AME)က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက်ကာ လေဘေးသင့် ပြည်သူများအား အားပေးစကား သွားရောက် ပြောကြားခြင်း ခရီးကို (၂၇.၁ဝ.၂ဝဝ၈) ရက်က

သွားရောက် ခဲ့ကြသည်။ ထိုသို့ သွားရောက်ရာတွင် ဘရာဇီး အသင်းကို ဦးဆောင်ကာ သွားရောက် ခဲ့သူမှာ (YMCA)အသင်း (ရန်ကုန်) အတွင်းရေးမှူးချုပ် ဒေါက်တာ သာဥာဏ်ဖြစ်သည်။
သည်ခရီးစဉ်ကို မြန်မာနိုင်ငံသို့ လေဘေး ရန်ပုံငွေ ဘောလုံး ကစားရန် ရောက်ရှိနေသော ဘရာဇီးအသင်း တည်းခိုရာ ရန်ကုန်မြို့၊ (၈)မိုင်လမ်းဆုံရှိ (Hotel Yangon )မှ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ဘရာဇီး အသင်းကို ရန်ကုန်၊ လှိုင်သာယာဘက်လမ်း၊ ကော့မှူး-ကွမ်းခြံကုန်း -ဒေးဒရဲ-ဖျာပုံ လမ်းမှ ခေါ်သွားကြသည်။ ဘရာဇီး အသင်းသည် မြန်မာနိုင်ငံသို့ ရောက်လာကြခြင်းမှာ မြန်မာပြည်ကို ချစ်သည့် အတွက် ရောက်လာကြခြင်း ဖြစ်သည်ဟု ကစားသမားများက နှုတ်မှ တဖွဖွ ပြောကြားခဲ့ကြသည်။

လမ်းတစ်လျှောက် လမ်းမ ချောမွေ့မှုကြောင့် ခရီးဖင့်နွှဲ့မှုများ ဖြစ်ခဲ့ရသည်။ မနက် (၉)နာရီမှ စတင် ထွက်ခွာခဲ့ရာ နေ့လယ် (၁၂)နာရီ မှာ ဖျာပုံမြို့သို့ ရောက်ရှိခဲ့သည်။ဖျာပုံမြို့သို့ အရောက်တွင် ဒေးဒရဲ-ဖျာပုံ တံတားကြီးပေါ်မှ အမှတ် (၆၆) စစ်ဗျူဟာမှူးက ဘရာဇီး အသင်းကို ကြိုဆိုခဲ့ကြသည်။ ခရီးစဉ်နောက် လိုက်ပါ လာကြသူများကို ဖျာပုံရှိ Brothers 3 စားသောက်ဆိုင်တွင် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ မူလပထမက ဘရာဇီး အသင်းသားများသည် (၂၆-၁ဝ- ၂ဝဝ၈)ရက်က မြန်မာအသင်းနှင့် ဘောလုံး ကစားထားမှုကြောင့် ပင်ပန်းနေသည့် အတွက် တချို့တစ်ဝက်သာ လိုက်ပါ လာကြမည်ဟု ဆိုထားကြသော်လည်း တကယ့် တကယ်တမ်းတွင် အသင်းသား အကုန်လုံး လိုက်ပါ ခဲ့ကြသည်ကို တွေ့ရသည်။

ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှူးရုံးတွင် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်မှု ဗဟို ကော်မတီဝင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က ကြိုဆိုခဲ့သည်။ ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ဘရာဇီး အသင်းအား မုန်တိုင်း တိုက်ခတ် ခံခဲ့ရပုံ၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်း ပြသခဲ့သည်။ ဘရာဇီး အသင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကို လာခဲ့ခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် အရင်ဆုံး ဘောလုံး ကန်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းများ ရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံလို မကြိုဆိုနိုင်ခဲ့ကြောင်း၊ ဘရာဇီး အသင်း မြန်မာနိုင်ငံသို့ လာရောက်ဖို့အတွက် အစစအရာရာ စီစဉ် ခဲ့သူကတော့ ဒိုခမ်ခုပ်ဆိုသူ ဖြစ်ကြောင်း၊ ဘရာဇီး အသင်း လာရောက်ဖို့ အတွက် ပြင်ဆင် ခဲ့မှုများမှာ နှစ်လသာ အချိန် ရခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဘောလုံးကန်ဖို့ အတွက် ခွင့်ပြုချက် တင်ခဲ့တာလည်း နောက်ကျခဲ့တဲ့ အတွက် ဘောလုံး ကန်ခါနီး နှစ်ရက် အလိုမှ ခွင့်ပြုချက် ရခဲ့ကြောင်း၊ (၂၆-၁ဝ-၂ဝဝ၈)ရက်က ကန်ခဲ့တဲ့ပွဲမှာ ( ၇၅)သိန်း ရခဲ့ကြောင်း၊ ဖျာပုံမြို့နယ်ကို အခြေခံပြီးတော့ ဒီငွေနဲ့ စာသင်ကျောင်း ဆောက်ဖို့ ရည်ရွယ်ကြောင်း၊ လိုငွေများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖြည့်ပေးသွားမှာ ဖြစ်ကြောင်း၊ (Super Coffeemix ကလည်း စပွန်ဆာ သိန်း (၂ဝဝ)ပေးခဲ့ကြောင်း၊ ဘရာဇီးနိုင်ငံက ဘရာဇီး လူမျိုးတွေဟာ လေမုန်တိုင်းဒဏ် ခံခဲ့ရမှုကို တီဗီကနေ တွေ့ဖူးကြောင်း၊ တခြားနိုင်ငံများတွင် သဘောဝ ဘေးဒဏ် ခံရမှုများကိုလည်း တွေ့ဖူးကြောင်း၊ သို့သော် မြန်မာနိုင်ငံကိုပဲ စိတ်ဝင်စားသည့် အတွက် ရောက်လာကြခြင်းပဲ ဖြစ်ကြောင်း၊ မြန်မာပြည်ကို ရောက်ခိုက် လေဘေးရာ ဒေသများသို့ ရောက်မှ ကောင်းမည် ဖြစ်သည့်အတွက် ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဘရာဇီး အသင်းသည် နောက်ထပ်တစ်ကြိမ် လာဖို့ ကြိုးစားမည် ဖြစ်ကြောင်း သိရသည်။ သည့်အပြင် ဘရာဇီးအသင်း အနေဖြင့် ဘရာဇီး နိုင်ငံသို့ ပြန်ရောက်သည့် အခါ ရန်ပုံငွေအဖွဲ့ တစ်ဖွဲ့ဖွဲ့ပြီး မြန်မာနိုင်ငံတွင် လိုအပ်သည့် နေရာများကို လှူဒါန်းရန် အတွက် စီစဉ်သွားမည် ဖြစ်ကြောင်း ဘရာဇီးအသင်း ကိုယ်စားလှယ် အဖြစ် ဦးသာဥာဏ်က ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဘရာဇီး အသင်းသည် ဖျာပုံမြို့အ.ထ.က (၃) ကျောင်း၊ ဖျာပုံမြို့နယ် ရှမ်းကွင်းကြီး ကျေးရွာတို့မှာ ဘောလုံး သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ကျိုက်လတ်မြို့ကို ဆက်လက် ထွက်ခွာသွားခဲ့ရာ ကျိုက်လတ်မြို့ ဘောလုံးကွင်း အတွင်းမှာ ကျိုက်လတ် ဘောလုံး အသင်းအား ဘောလုံး သင်တန်းများ အချိန်တို ပေးခဲ့ကြသည်ကို တွေ့ရသည်။ ဘရာဇီးဘောလုံး အသင်းသားများ ကျိုက်လတ်မြို့မှ ညနေ (၆)နာရီတွင် ထွက်ခွာခဲ့ရာ ည(၁ဝ) နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ကြပြီး ညစာအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၄င်း၏ နေအိမ်တွင် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

လျှပ်တစ်ပြက် ဂျာနယ်.

Read More...

99 Facts About Guys

1. Guys don't actually look after good-looking girls. They prefer neat and presentable girls.

2. Guys love flirts.

3. A guy can like you for a minute, and then forget you afterwards.

4. When a guy says he doesn't understand you, it simply means you're not thinking the way he is.

5. "Are you doing something?" or "Have you eaten already?" are the first usual questions a guy asks on the phone just to get out from stammering.

6. Guys may be flirting around all day but before they go to sleep, they always think about the girl they truly care about.

7. When a guy really likes you, he'll disregard all your bad characteristics.

8. Guys go crazy over a girl's smile.

9. Guys will do anything just to get the girl's attention.

10. Guys hate it when you talk about your ex-boyfriend.

11. When guys want to meet your parents. Let them.

12. Guys want to tell you many things but they can't. And they sure have one habit to gain courage and spirit to tell you many things and it is drinking!

13. Guys cry!!!!!!!!

14. Don't provoke the guy to heat up. Believe me. He will.

15. Guys can never dream and hope too much.

16. Guys usually try hard to get the girl who has dumped them, and this makes it harder for them to accept their defeat.

17. When you touch a guy's heart, there's no turning back.

18. Giving a guy a hanging message like "You know what?!..uh...never mind!" would make him jump to a conclusion that is far from what you are thinking.

19. Guys go crazy when girls touch their hands.

20. Guys are good flatterers when courting but they usually stammer when they talk to a girl they really like.

21. When a guy makes a prolonged "umm" or makes any excuses when you're asking him to do you a favor, he's actually saying that he doesn't like you and he can't lay down the card for you.

22. When a girl says "no", a guy hears it as "try again tomorrow."

23. You have to tell a guy what you really want before he gets the message clearly.

24. Guys hate gays!

25. Guys love their moms.

26. A guy would sacrifice his money for lunch just to get you a couple of roses.

27. A guy often thinks about the girl who likes him. But this doesn't mean that the guy likes her.

28. You can never understand him unless you listen to him.

29. If a guy tells you he loves you once in a lifetime. He does.

30. Beware. Guys can make gossips scatter through half of the face of the earth faster than girls can.

31. Like Eve, girls are guys EUR™ weaknesses.

32. Guys are very open about themselves.

33. It's good to test a guy first before you believe him. But don't let him wait that long.

34. No guy is bad when he is courting.

35. Guys hate it when their clothes get dirty. Even a small dot.

36. Guys really admire girls that they like even if they're not that much pretty.

37. Your best friend, whom your boyfriend seeks help from about his problems with you may end up being admired by your boyfriend.

38. If a guy tells you about his problems, he just needs someone to listen to him. You don't need to give advice.

39. A usual act that proves that the guy likes you is when he teases you.

40. A guy finds ways to keep you off from linking with someone else.

41. Guys love girls with brains more than girls in miniskirts.

42. Guys try to find the stuffed toy a girl wants but would unluckily get the wrong one.

43. Guys virtually brag about anything.

44. Guys cannot keep secrets that girls tell them.

45. Guys think too much.

46. Guys' fantasies are unlimited.

47. Girls' height doesn't really matter to a guy but her weight does!

48. Guys tend to get serious with their relationship and become too possessive. So watch out girls!!

49. When a girl makes the boy suffer during courtship, it would be hard for him to let go of that girl.

50. It's not easy for a guy to let go of his girlfriend after they broke up especially when they've been together for 3 years or more.

51. You have to tell a guy what you really want before getting involved with that guy.

52. A guy has to experience rejection, because if he's too-good-never-been-busted, never been in love and hurt, he won't be matured and grow up.

53. When an unlikable circumstance comes, guys blame themselves a lot more than girls do. They could even hurt themselves physically.

54. Guys have strong passion to change but have weak will power.

55. Guys are tigers in their peer groups but become tamed pussycats with their girlfriends.
56. When a guy pretends to be calm, check if he's sweating. You'll probably see that he is nervous.

57. When a guy says he is going crazy about the girl. He really is.

58. When a guy asks you to leave him alone, he's just actually saying, "Please come and listen to me."

59. Guys don't really have final decisions.

60. When a guy loves you, bring out the best in him.

61. If a guy starts to talk seriously, listen to him.

62. If a guy has been kept shut or silent, say something.

63. Guys believe that there's no such thing as love at first sight, but court the girls anyway and then realize at the end that he is wrong.

64. Guys like femininity not feebleness.

65. Guys don't like girls who punch harder than they do.

66. A guy may instantly know if the girl likes him but can never be sure unless the girl tells him.

67. A guy would waste his time over video games and basketball, the way a girl would do over her romance novels and make-ups.

68. Guys love girls who can cook or bake.

69. Guys like girls who are like their moms. No kidding!

70. A guy has more problems than you can see with your naked eyes.

71. A guy's friend knows everything about him. Use this to your advantage.

72. Don't be a snob. Guys may easily give up on the first sign of rejection.

73. Don't be biased. Try loving a guy without prejudice and you'll be surprised.

74. Girls who bathe in their eau de perfumes do more repelling than attracting guys.

75. Guys are more talkative than girls are especially when the topic is about girls.

76. Guys don't comprehend the statement "Get lost" too well.

77. Guys really think that girls are strange and have unpredictable decisions but still love them more.

78. When a guy gives a crooked or pretentious grin at your jokes, he finds them offending and he just tried to be polite.

79. Guys don't care about how shiny their shoes are unlike girls.

80. Guys tend to generalize about girls but once they get to know them, they'll realize they're wrong.

81. Any guy can handle his problems all by his own. He's just too stubborn to deal with it.

82. Guys find it so objectionable when a girl swears.

83. Guys' weakest point is at the knee.

84. When a problem arises, a guy usually keeps himself cool but is already thinking of a way out.

85. When a guy is conscious of his looks, it shows he is not good at fixing things.

86. When a guy looks at you, either he's amazed of you or he's criticizing you.

87. When you catch him cheating on you and he asks for a second chance, give it to him. But when you catch him again and he asks for another chance, ignore him.

88. If a guy lets you go, he really loves you.

89. If you have a boyfriend, and your boy best friend always glances at you and it obviously shows that he is jealous whenever you're with your boyfriend, all I can say is your boy best friend loves you more than your boyfriend does.

90. Guys learn from experience not from the romance books that girls read and take as their basis of experience.

91. You can tell if a guy is really hurt or in pain when he cries in front of you!

92. If a guy suddenly asks you for a date, ask him first why.

93. When a guy says he can't sleep if he doesn't hear your voice even just for one night, hang up. He also tells that to another girl. He only flatters you and sometimes makes fun of you.

94. You can truly say that a guy has good intentions if you see him praying sometimes.

95. Guys seek for advice not from a guy but from a girl.

96. Girls are allowed to touch boys' things. Not their hair!

97. If a guy says you're beautiful, that guy likes you.

98. Guys hate girls who overreact.
99. Guys love you more than you love them if they are serious in your relationships.

Read More...