
ဘရာဇီး ဘောလုံးအသင်း (AME)က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက်ကာ လေဘေးသင့် ပြည်သူများအား အားပေးစကား သွားရောက် ပြောကြားခြင်း ခရီးကို (၂၇.၁ဝ.၂ဝဝ၈) ရက်က
သွားရောက် ခဲ့ကြသည်။ ထိုသို့ သွားရောက်ရာတွင် ဘရာဇီး အသင်းကို ဦးဆောင်ကာ သွားရောက် ခဲ့သူမှာ (YMCA)အသင်း (ရန်ကုန်) အတွင်းရေးမှူးချုပ် ဒေါက်တာ သာဥာဏ်ဖြစ်သည်။
သည်ခရီးစဉ်ကို မြန်မာနိုင်ငံသို့ လေဘေး ရန်ပုံငွေ ဘောလုံး ကစားရန် ရောက်ရှိနေသော ဘရာဇီးအသင်း တည်းခိုရာ ရန်ကုန်မြို့၊ (၈)မိုင်လမ်းဆုံရှိ (Hotel Yangon )မှ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ဘရာဇီး အသင်းကို ရန်ကုန်၊ လှိုင်သာယာဘက်လမ်း၊ ကော့မှူး-ကွမ်းခြံကုန်း -ဒေးဒရဲ-ဖျာပုံ လမ်းမှ ခေါ်သွားကြသည်။ ဘရာဇီး အသင်းသည် မြန်မာနိုင်ငံသို့ ရောက်လာကြခြင်းမှာ မြန်မာပြည်ကို ချစ်သည့် အတွက် ရောက်လာကြခြင်း ဖြစ်သည်ဟု ကစားသမားများက နှုတ်မှ တဖွဖွ ပြောကြားခဲ့ကြသည်။
လမ်းတစ်လျှောက် လမ်းမ ချောမွေ့မှုကြောင့် ခရီးဖင့်နွှဲ့မှုများ ဖြစ်ခဲ့ရသည်။ မနက် (၉)နာရီမှ စတင် ထွက်ခွာခဲ့ရာ နေ့လယ် (၁၂)နာရီ မှာ ဖျာပုံမြို့သို့ ရောက်ရှိခဲ့သည်။ဖျာပုံမြို့သို့ အရောက်တွင် ဒေးဒရဲ-ဖျာပုံ တံတားကြီးပေါ်မှ အမှတ် (၆၆) စစ်ဗျူဟာမှူးက ဘရာဇီး အသင်းကို ကြိုဆိုခဲ့ကြသည်။ ခရီးစဉ်နောက် လိုက်ပါ လာကြသူများကို ဖျာပုံရှိ Brothers 3 စားသောက်ဆိုင်တွင် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ မူလပထမက

ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှူးရုံးတွင် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်မှု ဗဟို ကော်မတီဝင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က ကြိုဆိုခဲ့သည်။ ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ဘရာဇီး အသင်းအား မုန်တိုင်း တိုက်ခတ် ခံခဲ့ရပုံ၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်း ပြသခဲ့သည်။ ဘရာဇီး အသင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကို လာခဲ့ခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် အရင်ဆုံး ဘောလုံး ကန်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းများ ရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံလို မကြိုဆိုနိုင်ခဲ့ကြောင်း၊ ဘရာဇီး အသင်း မြန်မာနိုင်ငံသို့ လာရောက်ဖို့အတွက် အစစအရာရာ စီစဉ် ခဲ့သူကတော့ ဒိုခမ်ခုပ်ဆိုသူ ဖြစ်ကြောင်း၊ ဘရာဇီး အသင်း လာရောက်ဖို့ အတွက် ပြင်ဆင် ခဲ့မှုများမှာ နှစ်လသာ အချိန် ရခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဘောလုံးကန်ဖို့ အတွက် ခွင့်ပြုချက် တင်ခဲ့တာလည်း နောက်ကျခဲ့တဲ့ အတွက် ဘောလုံး ကန်ခါနီး နှစ်ရက် အလိုမှ ခွင့်ပြုချက် ရခဲ့ကြောင်း၊ (၂၆-၁ဝ-၂ဝဝ၈)ရက်က ကန်ခဲ့တဲ့ပွဲမှာ ( ၇၅)သိန်း ရခဲ့ကြောင်း၊ ဖျာပုံမြို့နယ်ကို အခြေခံပြီးတော့ ဒီငွေနဲ့ စာသင်ကျောင်း ဆောက်ဖို့ ရည်ရွယ်ကြောင်း၊ လိုငွေများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖြည့်ပေးသွားမှာ ဖြစ်ကြောင်း၊ (Super Coffeemix ကလည်း စပွန်ဆာ သိန်း (၂ဝဝ)ပေးခဲ့ကြောင်း၊ ဘရာဇီးနိုင်ငံက ဘရာဇီး လူမျိုးတွေဟာ လေမုန်တိုင်းဒဏ် ခံခဲ့ရမှုကို တီဗီကနေ တွေ့ဖူးကြောင်း၊ တခြားနိုင်ငံများတွင် သဘောဝ ဘေးဒဏ် ခံရမှုများကိုလည်း တွေ့ဖူးကြောင်း၊ သို့သော် မြန်မာနိုင်ငံကိုပဲ စိတ်ဝင်စားသည့် အတွက် ရောက်လာကြခြင်းပဲ ဖြစ်ကြောင်း၊ မြန်မာပြည်ကို ရောက်ခိုက် လေဘေးရာ ဒေသများသို့ ရောက်မှ ကောင်းမည် ဖြစ်သည့်အတွက်

ဘရာဇီး အသင်းသည် ဖျာပုံမြို့အ.ထ.က (၃) ကျောင်း၊ ဖျာပုံမြို့နယ် ရှမ်းကွင်းကြီး ကျေးရွာတို့မှာ ဘောလုံး သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ကျိုက်လတ်မြို့ကို ဆက်လက် ထွက်ခွာသွားခဲ့ရာ ကျိုက်လတ်မြို့ ဘောလုံးကွင်း အတွင်းမှာ ကျိုက်လတ် ဘောလုံး အသင်းအား ဘောလုံး သင်တန်းများ အချိန်တို ပေးခဲ့ကြသည်ကို တွေ့ရသည်။ ဘရာဇီးဘောလုံး အသင်းသားများ ကျိုက်လတ်မြို့မှ ညနေ (၆)နာရီတွင် ထွက်ခွာခဲ့ရာ ည(၁ဝ) နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ကြပြီး ညစာအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၄င်း၏ နေအိမ်တွင် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
လျှပ်တစ်ပြက် ဂျာနယ်.
/* test here */
No comments:
Post a Comment