Thursday, November 27, 2008

ဗုဒ္ဓရှင်တော်မြတ် အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲ အရှေ့တောင်အာရှ/ အာဆီယံ နိုင်ငံများတွင် မြန်မာ့ ပန်းချီလောက ထွန်းပေါက် နေသည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု . . .

မြ
န်မာ ပန်းချီဆရာများက မကြာခဏ ဆိုသလို ယင်းနိုင်ငံများတွင် သာမက ဥရောပနှင့် အနောက် နိုင်ငံများအထိ ဖြန့်ကျက်၍ ပန်းချီပြပွဲများ ခင်းကျင်း ပြသနေသည်ကို တွေ့ရှိရသည်။ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့များ ဘာသာရေးနှင့် တိုင်းရင်းသား အစုံ၏ ဓလေ့စရိုက်များ၊ လူမူဝန်းကျင်များနှင့် သဘာဝ အလှများကို လှလှပပ ဖော်ကျူး ဆေးသားခြယ်ကြသည်။ အစပထမတွင် ပြသသည့် မြန်မာ ပန်းချီဆရာများ၏ ပန်းချီပြပွဲများ အနေဖြင့် စင်းလုံးချော မအောင်မြင် ခဲ့ကြသော်လည်း ယခု တဖြည်းဖြည်းနှင့် အောင်မြင်ခဲ့သော ပန်းချီပြပွဲများ၏ သတင်းများကို ကြားနေရသည်။
ယခုလည်း မြန်မာ ပန်းချီ'ဆရာဒီပ'က သူ၏ Shining Buddha ကို ပထမဆုံး အကြိမ် တစ်ကိုယ်တော် ပြပွဲအဖြစ် စင်ကာပူ နိုင်ငံရှိ The Arts House, Gallery,( 1 Old Parliament Lane,) ၌ ၂၃-၁ဝ-၂ဝဝ၈ မှ ၃ဝ-၁ဝ-၂ဝဝ၈ ထိ ပြသခဲ့ကြောင်း သိရှိရသည်။
ယင်းပန်းချီပြပွဲနှင့် ပတ်သက်၍ ပန်းချီကား များထဲမှ မြစိမ်းရောင် အမည်ရှိ ပန်းချီကားကို Asian Arts News u www. artyartgallery.com မှ တစ်ဆင့် ရွေးချယ်ကာ စက်တင်ဘာ၊ အောက်တိုဘာ လထုတ်တွင် ဆောင်းပါးဖြင့် အထူးတလည် ဖော်ပြခဲ့ကြောင်း ကိုလည်း သိရှိခဲ့ရသည်။ ယင်းပန်းချီကားကို ပွဲမစမီ ရောင်းချ ခဲ့ရကြောင်းကိုလည်း သိရှိရသည်။
စင်ကာပူ နိုင်ငံသားများမှ ပန်းချီကားများ ထပ်မံ ဝယ်ယူ ခဲ့ကြောင်းကိုလည်း သိရှိရသည်။ ပြပွဲတွင် ပြသသည့် ပန်းချီ အတွင်းဘောင်များကို ပန်းချီဆရာ ဒီပမှ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည်ဟု သိရသည်။ ယင်းပြပွဲ ဖွင့်ပွဲကို စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဖွင့်လှစ်ပေးခဲ့ပြီး၊ အခြားနိုင်ငံစုံမှ သံအမတ်ကြီးများ၊ ဧည့်သည်တော်များ တက်ရောက်၍ အထူး စိတ်ဝင်စားစွာ ကြည့်ရှု အားပေး ခဲ့ကြသည်။
ပန်းချီ ဒီပက ပန်းချီကား စုစုပေါင်း ၂၆ ကားတိတိ ပြသခဲ့သည်ဟု သိရှိရသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ခုနှစ်ကား ရောင်းချခဲ့ရကြောင်း သိရှိရသည်။ ပန်းချီ ဒီပသည် တစ်ချိန်က ရုပ်ရှင်ကားကြီးများ ရိုက်ကူးခဲ့သည့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်ပြီး CREATIVE DESIGNER Co.,Ltd နှင့် မြန်မာနိုင်ငံရှိ ACD Art Gallery ကို ထူထောင်ထားသူ ဖြစ်သည်။ သမီးဖြစ်သူ မေသန္တာဦးကလည်း စင်ကာပူနိုင်ငံရှိ ARTY ART GALLERY ကို ဖခင်ဖြစ်သူ ပန်းချီဒီပနှင့် အတူ ထူထောင်ထားကြောင်း သိရှိရသည်။ ပန်းချီ ဆရာဒီပ၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည် (KWK)ကလည်း ပန်းချီကားများ ရေးဆွဲလျက် ရှိပြီး မကြာခဏ ဆိုသလို ပြည်တွင်းနှင့် ပြည်ပများတွင်ပါ ပန်းချီပြပွဲများကို ပါဝင် ပြသလျက် ရှိကြောင်း ပန်းချီဒီပ မိသားစု၏ အနုပညာ လမ်းကြောင်းများကို သတင်း ရရှိခဲ့သည်။ ပန်းချီမြတ်အောင်
/* test here */

No comments: