Saturday, November 8, 2008

Books Corner


ဆန်းလွင်၊ ရှင်အာဒိစ္စရံသီ ဥတ္တရိမနုဿဓမ္မပြဿနာ နန်းဒေဝီစာပေမှ ထုတ် ဝေခြင်းဖြစ်သည်။ စာရေးသူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို (၁၉၃၈-၂ဝဝ၂) ဟုဖော်ပြထားသည်။ စာရေးသူသည် အသက်(၅၈)နှစ်အရွယ်တွင်ဘဝနတ် ထံပျံလွန်တော်မူသည်ဟု ဖော်ပြထားသည်။ ဥတ္တရိ မနုဿဓမ္မဆိုသည်မှာ လူအများ စိတ် ဝင်စားစရာ၊ မကြားဖူးသေးတဲ့ ...

တရားတစ်ခုဖြစ်ကြောင်း၊ အမျိုးမျိုးသော ရဟန်းသံဃာများကို အကဲဖြတ်နိုင်သည့် တရားစံနှုန်းတစ်ခု ဖြစ်ကြောင်း မဂ်ဖိုလ်အကြောင်း ပြောကောင်းမပြောကောင်း၊ သိပ္ပံခေတ်နှင့် ခေတ်အမြင်၊ စတုတ္ထပါရာ ဇိက သိက္ခာပုဒ်စသည်ဖြင့် စာရေးသူ၏ ထူးခြားသည့် ဓမ္မဝိဒယစာတမ်းဟုဆိုထားသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆၃၇ဝ ၉ဝ၇။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ဗုဒ္ဓနှင့်ဗုဒ္ဓဂုဏ်ရည်
ဓမ္မပိယဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်။ အလှူအားလုံးတွင် ဓမ္မအလှူ၊ ပညာ အလှူသည် အမြတ်ဆုံးဖြစ်သည်ဟုဆိုထားသည်။ ဗုဒ္ဓါနုဿတိ ဘာဝနာပွားများသူသည် ရာဂဒေါသ မောဟတို့၏ အပ္ပနာဈာန်သို့ မရောက်ခဲ့သော် ဥပစာရဈာန်သို့ရောက်၏။ ဘုရားအပေါ် လွန်စွာကြည်ညို ၏။ သဒ္ဓါသတိ ပညာတရားတွေ တိုးပွားများပြားလာ၏။ ပီတိပါမောဇ္ဇတရားတွေတိုးပွား၏။ ဘေးကြီး ဘေးငယ်၊ ဆင်းရဲဒုက္ခဟူ သည်မျှကို သည်းခံနိုင်စွမ်းရှိ၏။ ဘုရားနှင့် အတူနေရသကဲ့သို့ မှတ်ထင် ၏။

ဗုဒ္ဓါနုဿတိကိန်းအောင်းသူ၏ ခန္ဓာသည် စေတီကဲ့သို့ ပူဇော်ထိုက်၏။ အကုသိုလ်တစ်ခုခု ပြုလုပ်ဖို့ ကြုံလျှင် ဘုရားရှေ့မှာနေရသကဲ့သို့ထင်၍ ရှက်ကြောက်ခြင်း၊ ဟိရီသြတ္တပ္ပဖြစ်၏။ အထက်မဂ်ဖိုလ် တရားထူးကို မသိသော်ငြားလည်းကောင်း ရာသုဂတိသို့ လားရောက်ရ၏ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌာကထာမှ ထုတ်နုတ်ဖော်ပြထား၏။ ပင်မဖြန့်ချိရေးဓမ္မ ပိယစာပေဟုဆိုသည်။ စာမူခွင့်ပြုချက် ၃၂ဝ၆ဝဝ၅ဝ၈။
/* test here */

No comments: