Saturday, October 25, 2008

ပေါက်ပေါက်ရှာရှာစိတ်ဝင်စားစရာ

* ပျမ်းမျှပြောကြစတမ်းဆိုရင် ဘောလ်ပင်ကိုက်ရင်းကနေ လည်ချောင်းထဲ ဘောလ်ပင်ရောက်၊

အဲ့ ဒီဘောလ်ပင်ကြောင့်  အသက်ရှူလမ်းကြောင်းပိတ်ပြီး သေတဲ့ သူက တစ်နှစ်ကို တစ်ရာလောက်တော့ 

ရှိသတဲ့ ။


* အဲ့ ဒီလိုပဲ ပျမ်းမျှပြောကြစတမ်းဆိုရင် လူတွေဟာ သေရမှာထက် ပင့်ကူကိုပိုကြောက်တတ်ကြပြန်ရော….


* ဟိုး…အတီတေအတိတ်ကာလတုန်းက အီဂျစ်ပြည်က ဘုန်းတော်ကြီးတွေဟာ တစ်ကိုယ်လုံးမှာရှိတဲ့ ။

အမွှေးအမျှင်တွေကို အကုန်စင်အောင်ရိတ်ရပါသတဲ့ ။ မျက်ခုံးမွှေးရော မျက်တောင်မွှေးပါမချန်ရဘူးတဲ့ ….


* သတ္တ၀ါအားလုံးအနက်မှာ ခုန်နိုင်ပေါက်နိုင်ခြင်းလုံးလုံးမရှိတဲ့  သတ္တ၀ါက ဘာကောင်လဲသိပါသလား ?

အဟဲ ….အဲ့ ဒီကောင်က ဆင်လို့ ဆိုပါတယ် …......


* လူသန်းပေါင်း 2000 မှာ တစ်ယောက်သာလျှင် အသက် 116 နှစ်လောက်အထိ အသက်ရှည်နိုင်သတဲ့ 


* မိန်းမသားတွေဟာ ယောက်ျားတွေထက်မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက် နှစ်ဆပိုပါသတဲ့ ။


* ကိုယ့်တစ်တောင်ဆစ်ကို ကိုယ့် ဘာသာ လျှာနဲ့ ပြန်လျက်ဖို့ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူးရှင် ။


* အမေရိကန်နိုင်ငံ လူဝီဇီးယားနားတက္ကသိုလ်ရဲ့  ပင်မစာကြည့်တိုက်ဟာ တစ်နှစ်ကို တစ်လက်မကျော်လောက်မြေကြီးထဲကို မြုပ်ဝင်နေပါသတဲ့ ။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ ဒီပင်မစာကြည့်တိုက်မှာ တနေ့ တခြားတိုးပွားလာမယ့် စာအုပ်တွေရဲ့ အလေးချိန်ကို စာကြည့်တိုက် စတင်တည်ထောင်တုန်းက အင်ဂျင်နီယာတွေဘက်က ထည့်မတွက်မိခဲ့ ကြလို့ ပါတဲ့ ။


* စာဖတ်သူလူကြီးမင်းများ သိပြီးပလားတော့ မပြောတတ်ဘူး ….ပတ်ကျိတစ်ကောင်ဟာ သုံးနှစ်လောက်တော့ 

မထတမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါသတဲ့ ။


* “ပိုလာဘဲ”ဆိုတဲ့ မြောက်ဝင်ရိုးစွန်းမှာက ၀က်ဝံဖြူတွေ အားလုံးဟာ ဘယ်ကျော်တွေချည်းပဲတဲ့ နော ….


* ငှက်ကုလားအုပ်တွေရဲ့  မျက်စိက သူတို့ ဥနှောက်ထက် ကြီးသတဲ့ ။


* အဲ …..နွားတစ်ကောင်ကို လှေကားအတိုင်းအပေါ်ထပ်ကို ခေါ်သွားဖို့ လွယ်ပေမဲ့  အဲ့ ဒီလှေကားအတိုင်းပြန်ဆင်းလာအောင် လုပ်ဖို့ ကတော့  မဖြစ်နိုင်ဘူးတဲ့ ။


* ဘဲတွေရဲ့ အော်သံ တဂတ်ဂတ်ကလည်း ဘယ်တော့ မှ ပဲ့ တင်သံမထွက်ဘူးတဲ့ ။ဘယ်လောက်ပဲ ပဲ့ တင်သံထွက်တဲ့ နေရာမှာပဲဖြစ်ဖြစ် ဘဲရဲ့ တဂတ်ဂတ်အသံကတော့ ပဲ့ တင်သံမထွက်ဘူးတဲ့ 

အဲ့ ဒါဟာ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ၊ ဘယ်သိပ္ပံပညာရှင်မှ မသိနိုင်ဘူးတဲ့ ။


* သိလား ။မိကျောင်းတွေဟာ လျှာမထုတ်နိုင်ဘူး။

* အမေရိကန်နိုင်ငံမှာ သေဒဏ်စီရင်တဲ့ အခါသုံးတဲ့  လျှပ်စစ်ကုလားထိုင်ကို တီထွင်သူက

ဘယ်လိုလူစားလို့ ထင်ပါသလဲ ? ဟုတ်ကဲ့  သွားဆရာဝန်ထွင်တာပါတဲ့ ။

* အင်္ဂလိပ်စာကလုံးတွေမှာ အတိုဆုံးဝါကျဟာ “ သွား ” (Go) ဆိုတာပဲဖြစ်ပါတယ် ။

* ယမ်းမီးခြစ်ကို မတီထွင်ခင် ဓာတ်မီးခြစ်ကို အရင်ထွင်ခဲ့ ကြတယ်ဆိုပဲ ….။


/* test here */

No comments: