မြန်မာ့ဆက်သွယ်ရေးမှာ ချ ပေးထားသော GSM တယ်လီဖုန်း များတွင် အသုံးပြုနိုင်သည့် voice mail စနစ်ဝန်ဆောင်ခကို ယခုနှစ် အောက်တိုဘာလမှစ၍ voice mail နားထောင်ခတစ်ခုတည်းအ တွက်သာပေးရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ““အရင်က voice mail အသုံး ပြုသူတွေဟာ voice mail ၀င်ရင် charges တစ်ခါပေးရပြီး အဲဒီဝင် တဲ့ voice mail ကိုဖွင့်ပြီးနားထောင် ရင် charges တစ်ခါထပ်ပေးရတယ်။ အခု ဒီနှစ်အောက်တိုဘာလကစ ပြီး voice mail အသုံးပြုသူတွေ အနေနဲ့ voice mail ၀င်တဲ့ charges ပေးစရာမလိုဘဲ ပြန်ဖွင့်နားထောင် ခတစ်ခုတည်းကိုပဲ charges အ ဖြစ်ပေးဆောင်ရတော့မှာပါ”” ဟု voice mail ၀န်ဆောင်မှုကို မြန် မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းလုပ် ကိုင်နေသော ITCS မှ Marketing Executive မမြတ်ကြေးမွန်မှ ပြောသည်။ အဆိုပါ voice mail ၀န်ဆောင် မှုစနစ်သည် မိမိဖုန်းပိတ် ထားသည့်အခါတွင်ဖြစ်စေ၊ ဆက် သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိ သည့်အခါတွင်ဖြစ်စေ ခေါ်ဆိုသူ ဘက်မှ voice message ချိန်ထား ခဲ့နိုင်သည့်စနစ်ဖြစ်သည်။ လက်ရှိ တွင် GSM ဖုန်းများတွင်သာ အသုံးပြုနိုင်ပြီး သိပ်မကြာခင် အချိန်တွင် CDMA တယ်လီဖုန်း များတွင်ပါ ၀န်ဆောင်မှုပေးတော့ မည်ဟု စုံစမ်းသိရှိရသည်။
/* test here */
No comments:
Post a Comment