
ပြည်သူများစားသုံးလျက်ရှိသော နို့မှုန့်တချို့တွင် ကျန်းမာ ရေးကို ဆိုးဝါးစွာထိခိုက်စေပြီး၊ ကလေးငယ်များ၏ ကျောက်ကပ်ကိုပျက်စီးစေသော မယ်လမင်းပါဝင်သော ကြောင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်)မှ အောက်တိုဘာလ ၅ ရက်မှ ယခု ၁၆ ရက်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော နို့မှုန့်အမျိုးအစား ၆၂မျိုးကို စမ်းသပ်စစ်ဆေးပြီးသည့်အနက် မယ်လမင်းမပါ ၀င်သည့် နို့မှုန့်အမျိုးအစား ၃၅မျိုးကို စမ်းသပ်တွေ့ရှိထား ကြောင်း အဆိုပါဌာနရှိ ဆေးဘက်ညွှန်ကြားရေးဌာနမှ လက်ထောက်စက်ရုံမှူး ဒေါက်တာအောင်ဇော်က ပြော ကြားသည်။
စစ်ဆေးပြီး မယ်လမင်းမပါ ၀င်သည့် နို့မှုန့်များမှာ
(1) PEP Milk Powder
(2) Golden Lotus Flower
(3) Quanzhitian-naifen (EGm;eD) (4) SHILIN (Whole fat Sweet Milk Powder)
(5) GYI GYI (Full Cream Milk Powder) China
(6) Two Cows Instant whole Sweet Milk Powder
(7) MEIJI Milk Powder (Japan)
(8) Mikko Mate (Non-Dairy Creamer) 4g
(9) Milk Tablet (China)
(10) jrbk&ifcsufEkdYqD
(11) Cowhead (900g) New Zealand
(12) Dupro (Dumex Step 2) 800g New Zealand
(13) Gluco Lin (Glukosa) Made in Malaysia
(14) Cow Bell (Sweetened Beverage Creamer)
(15) Cow Bell (Evaporated Creamer)
(16) Super Cow (100% Pure milk) 830 ml
(17) New Similac (MumTM) 700g
(18) Mamex Gold (Rumu-san Bayi) 400g
(19)EkdYrIefY (ausmufqnfacsmu vuf puf½Hk)
(20) Fantasy Milk Chocolate (21) EGm;EkdY(aiGpifykvJ)
(22) Similac Stage 2 (900g) Follow on formula For babies above 6 months
(23) Gain IQ (900g) Growing up milk For children one year on wards
(24) Mikko 3 in 1 (20g) Instant Coffeemix
(25) Promil (Langkah Step 2) 900g
(26) Promil (Langkah Step1) S-26 (Rumusan bayi)
(27) Oldenburger Full Cream Milk Powder Instant 900g
(28) Nestle (Lactogen 2) 900g
(29) Dumex (dumilk) Full Cream Milk Powder 650g
(30) Dumax (dugro 3 plus) Ezy (Digest 650g)
(31) Nestle (Advance 1 Plus) Bear Brand 700g
(32)NEWGROW SCHOOL Growing-up Milk For 6 Years onward 1kg
(33) Similac infant formula for babies 0-6 Months (Stage 1) 400g
(34) Isomil 1 advance 400g milk free lactose, free soy Infant formula for babies 0-6 Months
(35) Happy Cow (Sweetened Condensed Filled Milk)
တို့ဖြစ်သည်။
စစ်ဆေးရာတွင် Agra Quant R Melamine Test kit ဖြင့် ပထမ အဆင့်အရောင်ကိုနှိုင်းယှဉ်၍ မယ် လမင်းပါဝင်မှု ရှိ၊မရှိ စစ်ဆေးပြီး၊ ဒုတိယအဆင့်အဖြစ် မယ်လမင်းပါ ၀င်မှုပမာဏ အတိအကျ သိရှိရန် Microwell Reader အသုံးပြုကာ တွက်ချက်ရကြောင်း သိရသည်။
““အခုစစ်ဆေးပြီးတဲ့ မယ်လ မင်းမပါဝင်တဲ့ နို့မှုန့်တွေဆိုပြီးတော့ လည်း အမြဲစိတ်ချရပြီလို့မပြောနိုင် ပါဘူး။ အသုံးပြုတဲ့ကုန်ကြမ်းပေါ် မူတည်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါ တယ်။ ဘာကြောင့်လည်းဆိုရင် နိုင်ငံခြားက သွင်းလာတဲ့နို့မှုန့်ကုန် ကြမ်းတွေကလည်း တစ်ကြိမ်သွင်း တာနဲ့ နောက်တစ်ကြိမ်သွင်းတာ မတူနိုင်ဘူး။ တချို့နို့မှုန့်တွေဆို လည်း အထုပ်အတိုင်းကို ထုတ်ပိုး မှုပုံစံ(တံဆိပ်)ကိုပြောင်းထုတ်ထား တာမျိုးရှိတော့ အမြဲစိတ်ချလို့တော့ မရပါဘူး””ဟု ဒေါက်တာအောင် ဇော်ကပြောသည်။
ထို့ကြောင့် ပြည်ပမှတင်သွင်း လာသော နို့မှုန့်ကုန်ကြမ်းများနှင့် အသင့်ထုတ်ပြီးနို့မှုန့်များကို အနည်း ဆုံးတစ်လလျှင် တစ်ကြိမ်ခန့်စောင့် ကြည့်စစ်ဆေးရန် လိုအပ်ကြောင်း နှင့်ပြည်တွင်းမှ နို့မှုန့်နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ မှာလည်း ပိုင်ရှင်တစ်ဦးတည်းမှ တံဆိပ်အမျိုးမျိုးဖြင့် ပုံစံပြောင်းလဲ ထုတ်နေသည်များရှိနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း၊ မိခင် များကလည်း မိမိ၏ရင်သွေးငယ် များကို အတတ်နိုင်ဆုံး မိခင်နို့ တိုက်ကျွေးခြင်းသည်သာ အကောင်း ဆုံးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ် ကဆက်လက်ပြောကြားသည်။
မယ်လမင်းဓာတ်မှာ လူကြီး တစ်ဦးအတွက် (2.5mg/kg) နှင့် ကလေးတစ်ဦးလျှင် (1mg/kg) သာခံနိုင်ရည်ရှိကြောင်း WHO က စံနှုန်းသတ်မှတ်ထားသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၏ စစ်ဆေးတွေ့ရှိချက်အရ မယ် လမင်းပါဝင်သည့် နို့မှုန့်များနှင့် ပတ်သက်၍ အောက်တိုဘာ ၁၀ ရက်အစိုးရသတင်းစာများတွင် စားသုံးရန်မသင့်သောနို့မှုန့် ၉ မျိုး ကို စတင်ဖော်ပြခဲ့ပြီး၊ အောက်တို ဘာ ၁၄ ရက်တွင် ကျန်းမာရေးဝန် ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က နောက်ထပ်နို့မှုန့် ၇ မျိုးကို ထပ် မံကြေညာခဲ့ရာ ၎င်းင်းနို့မှုန့်များအား ပြည်ပမှတင်သွင်း ဖြန့်ဖြူးရောင်းချ ခြင်းနှင့် ပြည်တွင်းတွင် ပြန်လည် ထုပ်ပိုးရောင်းချခြင်း၊ စားသောက် ကုန်များအဖြစ် ထုတ်လုပ်ရောင်းချ ခြင်းမပြုလုပ်ရန် အစိုးရက နိုင်ငံ ပိုင်သတင်းစာများတွင် တရားဝင် ကြေညာခဲ့သည်။ /* test here */
No comments:
Post a Comment